
ပြည် စက်တင်ဘာ ၂၅


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ် ပဲခူး(အနောက်)တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်(၃)ခရိုင်ဥက္ကဌများ၊ အတွင်းရေးမှူးများနှင့်တွေ့ဆုံ
=========================
ပြည် စက်တင်ဘာ ၂၅
(၂၅.၉.၂၀၂၄)နေ့တွင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းရုံးတွင် ပါတီတွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်(၃) ဥက္ကဌများနှင့်အတွင်းရေးမှူးများ တွေ့ဆုံခဲ့ပြီးပါတီတွဲဘက်အထွေထွေအတွင်းရေးမှူးမှ ပြည့်မဏ္ဍိုင် ဖွဲ့စည်းရေး၊ပါတီဝင်အင်အား စီစစ်ရေး၊ပါတီဝင်သစ်ရရှိရေးကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၎င်းနောက်တိုင်း ၊ခရိုင်များမှ အားနည်းချက်၊အားသာချက်များကို တင်ပြဆွေးနွေးခဲ့ရာ ပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူးက ပြန်လည်ရှင်းလင်း လမ်းညွှန်မှာကြားခဲ့ပါသည်။