ရက္သတၱပတ္အတြင္း မုန္တိုင္းငယ္တခု ျဖစ္လာနိုင္ေၾကာင္း မိုး ဇ/လ ခန္႔မွန္း

လာမည့္ရက္သတၱပတ္အတြင္း ေမ (၁၈) တြင္ ေလဖိအားနည္းရပ္ဝန္းတခုျဖစ္ကာ မုန္တိုင္းငယ္တစ္ခုျဖစ္လာနိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနမွ သိရသည္။
ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းႏွင့္ ဆက္စပ္လ်က္ရွိသည့္ ကပၸလီပင္လယ္ျပင္ေတာင္ပိုင္းတြင္ ေလထုမၿငိမ္မသက္ျဖစ္ကာ ထိုမွတဆင့္ ေလဖိအားနည္း ရပ္ဝန္းျဖစ္လာနိုင္သည္ဟု မိုးဇ/လ ညႊန္ၾကားေရးမႉး ဦးလွထြန္းက နိုင္ငံပိုင္သတင္းဌာနမွတဆင့္ ေျပာၾကားထားသည္။
“ေမလ (၁၈)ရက္မွာ ေလဖိအားနည္းရပ္ဝန္းရွိမယ္။ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းနဲ႔ ကပၸလီပင္လယ္ျပင္မွာ ေလဖိအားနည္းရပ္ဝန္းကေန တျဖည္းျဖည္း မုန္တိုင္းငယ္အျဖစ္ အားေကာင္းလာမယ္၊ ေလာေလာဆယ္ ခန္႔မွန္းထားပါ” ဟု ၄င္းက ေျပာသည္။
ယခုကာလသည္ မိုးႀကိဳကာလ၊ မုတ္သုံအဝင္ရာသီျဖစ္တာေၾကာင့္ မုန္တိုင္းအျဖစ္မ်ားဆုံး အခ်ိန္ျဖစ္ၿပီး ျဖစ္ေပၚလာမည့္ မုန္တိုင္းငယ္မ်ားသည္လည္းခန္႔မွန္းခ်က္အရ အားေကာင္းနိုင္ေၾကာင္း ဆိုသည္။
သို႔ေသာ္ လက္ရွိတြင္ မုန္တိုင္းလမ္းေၾကာင္းမ်ားကို အတိအက်ေျပာ၍ မရနိုင္ေသးဘဲ ေလဖိအားနည္းရပ္ဝန္းမွ တဆင့္ မုန္တိုင္းငယ္ အဆင့္ေရာက္မွသာ ေလစီးေၾကာင္းမ်ားကို ၾကည့္ကာ ဆုံးျဖတ္နိုင္ေၾကာင္း ၄င္းက ဆက္ရွင္းျပသည္။
ယခုရက္ပိုင္းအတြင္း မိုးတိမ္ေတာင္ျဖစ္ေပၚမႈ အေျခအေနေၾကာင့္ တနသၤာရီတိုင္းေဒသႀကီးႏွင့္ မြန္ျပည္နယ္တို႔တြင္ မိုးရြာသြန္းျခင္းႏွင့္အတူ ေလျပင္း တိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လၽွပ္စီးလက္ျခင္းႏွင့္ မိုးသီးေႂကြျခင္းစသည္တို႔ ျဖစ္ေပၚနိုင္၍ သတိျပဳနိုင္ၾကရန္ တိုက္တြန္းထားသည္။

========

ရက်သတ္တပတ်အတွင်း မုန်တိုင်းငယ်တခု ဖြစ်လာနိုင်ကြောင်း မိုး ဇ/လ ခန့်မှန်း

လာမည့်ရက်သတ္တပတ်အတွင်း မေ (၁၈) တွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ကာ မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသည့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ်ကာ ထိုမှတဆင့် လေဖိအားနည်း ရပ်ဝန်းဖြစ်လာနိုင်သည်ဟု မိုးဇ/လ ညွှန်ကြားရေးမှူး ဦးလှထွန်းက နိုင်ငံပိုင်သတင်းဌာနမှတဆင့် ပြောကြားထားသည်။
“မေလ (၁၈)ရက်မှာ လေဖိအားနည်းရပ်ဝန်းရှိမယ်။ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းကနေ တဖြည်းဖြည်း မုန်တိုင်းငယ်အဖြစ် အားကောင်းလာမယ်၊ လောလောဆယ် ခန့်မှန်းထားပါ” ဟု ၄င်းက ပြောသည်။
ယခုကာလသည် မိုးကြိုကာလ၊ မုတ်သုံအဝင်ရာသီဖြစ်တာကြောင့် မုန်တိုင်းအဖြစ်များဆုံး အချိန်ဖြစ်ပြီး ဖြစ်ပေါ်လာမည့် မုန်တိုင်းငယ်များသည်လည်းခန့်မှန်းချက်အရ အားကောင်းနိုင်ကြောင်း ဆိုသည်။
သို့သော် လက်ရှိတွင် မုန်တိုင်းလမ်းကြောင်းများကို အတိအကျပြော၍ မရနိုင်သေးဘဲ လေဖိအားနည်းရပ်ဝန်းမှ တဆင့် မုန်တိုင်းငယ် အဆင့်ရောက်မှသာ လေစီးကြောင်းများကို ကြည့်ကာ ဆုံးဖြတ်နိုင်ကြောင်း ၄င်းက ဆက်ရှင်းပြသည်။
ယခုရက်ပိုင်းအတွင်း မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေကြောင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည်တို့ ဖြစ်ပေါ်နိုင်၍ သတိပြုနိုင်ကြရန် တိုက်တွန်းထားသည်။