ေမာင္းသူမဲ့ ဘတ္စ္ကားေတြကို ေတာင္ကိုရီးယားမွာ အသုံးျပဳေနၿပီ

ေတာင္ကိုရီးယား နိုင္ငံ ဆိုးလ္ၿမိဳ႕မွာ ညဘက္ေတြမွာ ဘတ္စ္ကားေတြကို ေျပးဆြဲေပးထားပါတယ္။ ဒါေပမယ့္ ယာဥ္ေမာင္းေတြက ညဘက္ ကား မေမာင္းခ်င္ၾကပါဘူး။ အဲဒီအတြက္ အစိုးရက ညဘက္ေတြမွာ ေမာင္းသူမဲ့ ဘတ္စ္ကားေတြကို ေျပးဆြဲေပးေနပါတယ္။
ဆိုးလ္ အေနာက္ဘက္ရွိ Hapjeong နဲ႔ အေရွ႕ပိုင္းရွိ Dongdaemun Station အၾကား ၉.၈ ကီလိုမီတာ ခရီးကို ည ၁၁ နာရီခြဲကေန နံနက္ ၅ နာရီ ၁၀ အထိ ေျပးဆြဲေပးေနပါတယ္။ မွတ္တိုင္ ၄၀ ကိုပို႔ေဆာင္ေပးၿပီး ခရီစဥ္ တစ္ေၾကာင္းကို မိနစ္ ၇၀ ၾကာျမင့္ပါတယ္။
စမ္းသပ္ေျပးဆြဲတဲ့ ကာလမွာ ေမာင္းသူမဲ့ စနစ္က အမွားအယြင္းျဖစ္ရင္ ထိန္းေၾကာင္းေပးဖို႔ လုံျခဳံေရး ယာဥ္ေမာင္း ၁ ဦးကို လိုက္ပါေစတယ္လို႔ ဆိုးလ္ အာဏာပိုင္ေတြက ေျပာပါတယ္။ ကားမွာ ထိုင္ခုံ ၂၃ ခု ပါဝင္ၿပီး မတ္တပ္ရပ္စီးတဲ့ ခရီးသည္ေတြကို စမ္းသပ္ကာလမွာ ခြင့္မျပဳထားပါဘူး။
လက္ရွိမွာ ဘတ္စ္ကား စီးနင္းခ ေပးစရာ မလိုပါဘူး။ ေမာင္းသူမဲ့ စနစ္ဟာ ေဘးကင္းစိတ္ခ်ရတယ္လို႔ စစ္ေဆးၿပီးရင္ ၂၀၂၄ ခုႏွစ္ ပထမႏွစ္ဝက္ထဲမွာ ဘတ္စ္ကားခေပးရမွာ ျဖစ္ပါတယ္။
Ref : theverge

=====

မောင်းသူမဲ့ ဘတ်စ်ကားတွေကို တောင်ကိုရီးယားမှာ အသုံးပြုနေပြီ

တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့မှာ ညဘက်တွေမှာ ဘတ်စ်ကားတွေကို ပြေးဆွဲပေးထားပါတယ်။ ဒါပေမယ့် ယာဉ်မောင်းတွေက ညဘက် ကား မမောင်းချင်ကြပါဘူး။ အဲဒီအတွက် အစိုးရက ညဘက်တွေမှာ မောင်းသူမဲ့ ဘတ်စ်ကားတွေကို ပြေးဆွဲပေးနေပါတယ်။
ဆိုးလ် အနောက်ဘက်ရှိ Hapjeong နဲ့ အရှေ့ပိုင်းရှိ Dongdaemun Station အကြား ၉.၈ ကီလိုမီတာ ခရီးကို ည ၁၁ နာရီခွဲကနေ နံနက် ၅ နာရီ ၁၀ အထိ ပြေးဆွဲပေးနေပါတယ်။ မှတ်တိုင် ၄၀ ကိုပို့ဆောင်ပေးပြီး ခရီစဉ် တစ်ကြောင်းကို မိနစ် ၇၀ ကြာမြင့်ပါတယ်။
စမ်းသပ်ပြေးဆွဲတဲ့ ကာလမှာ မောင်းသူမဲ့ စနစ်က အမှားအယွင်းဖြစ်ရင် ထိန်းကြောင်းပေးဖို့ လုံခြုံရေး ယာဉ်မောင်း ၁ ဦးကို လိုက်ပါစေတယ်လို့ ဆိုးလ် အာဏာပိုင်တွေက ပြောပါတယ်။ ကားမှာ ထိုင်ခုံ ၂၃ ခု ပါဝင်ပြီး မတ်တပ်ရပ်စီးတဲ့ ခရီးသည်တွေကို စမ်းသပ်ကာလမှာ ခွင့်မပြုထားပါဘူး။
လက်ရှိမှာ ဘတ်စ်ကား စီးနင်းခ ပေးစရာ မလိုပါဘူး။ မောင်းသူမဲ့ စနစ်ဟာ ဘေးကင်းစိတ်ချရတယ်လို့ စစ်ဆေးပြီးရင် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ထဲမှာ ဘတ်စ်ကားခပေးရမှာ ဖြစ်ပါတယ်။
Ref : theverge