ခ်န္ပီယံလိဂ္ယွဥ္ၿပိဳင္ခြင့္ရသည့္ (၁၄)သင္းေျမာက္ လာလီဂါကလပ္အသင္းအျဖစ္ ဂ်ီရိုနာမွတ္တမ္းဝင္

ေမ (၄)ရက္နဲ႔ ယွဥ္ၿပိဳင္ခဲ့သည့္ စပိန္လာလီဂါပြဲစဥ္ (၃၄)တြင္ ဘာစီလိုနာအသင္းအား (၄-၂) ဂိုးျဖင့္အနိုင္ရခဲ့သည့္ ဂ်ီရိုနာအသင္းသည္ လာမည့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာေသခ်ာသြားခဲ့ၿပီး ယင္းၿပိဳင္ပြဲအားယွဥ္ၿပိဳင္ခြင့္ရသည့္ (၁၄)သင္းေျမာက္ လာလီဂါကလပ္အသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္းသိရသည္။

ကတ္တလန္အေျခစိုက္ ဂ်ီရိုနာအသင္းသည္ ယခုရာသီအပါအဝင္ အသင္းသမိုင္းတစ္ေလၽွာက္ လာလီဂါၿပိဳင္ပြဲအား (၄)ရာသီသာယွဥ္ ၿပိဳင္ခြင့္ရခဲ့ေသာ္လည္း လက္ရွိတြင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအားယွဥ္ၿပိဳင္ခြင့္ရသည္အထိ အလ်င္အျမန္တိုးတက္မႈကိုျပသနိုင္ခဲ့သည္။

ထို႔ျပင္ ဂ်ီရိုနာအသင္းအေနျဖင့္ ယခုရာသီလာလီဂါအမွတ္ေပးဇယားတြင္ အဆင့္ (၂)ေနရာျဖင့္ ရာသီသိမ္းနိုင္ရန္ နီးစပ္လ်က္ရွိေနၿပီး ယင္းကဲ့သို႔စြမ္းေဆာင္နိုင္ခဲ့ပါက အသင္းသမိုင္းတစ္ေလၽွာက္ ပထမဆုံးအႀကိမ္ ဘာစီလိုနာအသင္း၏အထက္တြင္ ရပ္တည္နိုင္သည့္ မွတ္တမ္းေကာင္းတစ္ခုကို ထပ္မံပိုင္ဆိုင္နိုင္မည္ျဖစ္သည္။

ဂ်ီရိုနာအသင္းသည္ လက္က်န္လာလီဂါပြဲစဥ္ (၄)ပြဲတြင္ အလာဗတ္စ္ (အေဝး)၊ ဗီလာရီးယဲလ္ (အိမ္)၊ ဗလင္စီယာ (အေဝး)ႏွင့္ ဂရန္နာဒါ (အိမ္)တို႔ ႏွင့္ ယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္သည္။

======

ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရသည့် (၁၄)သင်းမြောက် လာလီဂါကလပ်အသင်းအဖြစ် ဂျီရိုနာမှတ်တမ်းဝင်

မေ (၄)ရက်နဲ့ ယှဉ်ပြိုင်ခဲ့သည့် စပိန်လာလီဂါပွဲစဉ် (၃၄)တွင် ဘာစီလိုနာအသင်းအား (၄-၂) ဂိုးဖြင့်အနိုင်ရခဲ့သည့် ဂျီရိုနာအသင်းသည် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာသေချာသွားခဲ့ပြီး ယင်းပြိုင်ပွဲအားယှဉ်ပြိုင်ခွင့်ရသည့် (၁၄)သင်းမြောက် လာလီဂါကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။

ကတ်တလန်အခြေစိုက် ဂျီရိုနာအသင်းသည် ယခုရာသီအပါအဝင် အသင်းသမိုင်းတစ်လျှောက် လာလီဂါပြိုင်ပွဲအား (၄)ရာသီသာယှဉ် ပြိုင်ခွင့်ရခဲ့သော်လည်း လက်ရှိတွင် ချန်ပီယံလိဂ်ပြိုင်ပွဲအားယှဉ်ပြိုင်ခွင့်ရသည်အထိ အလျင်အမြန်တိုးတက်မှုကိုပြသနိုင်ခဲ့သည်။

ထို့ပြင် ဂျီရိုနာအသင်းအနေဖြင့် ယခုရာသီလာလီဂါအမှတ်ပေးဇယားတွင် အဆင့် (၂)နေရာဖြင့် ရာသီသိမ်းနိုင်ရန် နီးစပ်လျက်ရှိနေပြီး ယင်းကဲ့သို့စွမ်းဆောင်နိုင်ခဲ့ပါက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဘာစီလိုနာအသင်း၏အထက်တွင် ရပ်တည်နိုင်သည့် မှတ်တမ်းကောင်းတစ်ခုကို ထပ်မံပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ဂျီရိုနာအသင်းသည် လက်ကျန်လာလီဂါပွဲစဉ် (၄)ပွဲတွင် အလာဗတ်စ် (အဝေး)၊ ဗီလာရီးယဲလ် (အိမ်)၊ ဗလင်စီယာ (အဝေး)နှင့် ဂရန်နာဒါ (အိမ်)တို့ နှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။