ေတာင္ကိုရီးယားႏွင့္ အေမရိကန္တိုက တိုက္ေလယာဥ္ေလ့က်င့္ပ်ံသန္းမႈတစ္ရပ္ စတင္လုပ္ေဆာင္

မတ္ ၆

ေတာင္ကိုရီးယားႏွင့္ အေမရိကန္ျပည္ေထာင္စုတိုသည္ ၎တိုၾကား ႏွစ္စဥ္က်င္းပျမဲ စစ္ေရးေလ့က်င့္မႈ တစ္ရပ္ျဖစ္သည့္ Freedom Shield စစ္ေရးေလ့က်င့္မႈ၏ တစ္စိတ္တစ္ပိုင္းအျဖစ္ တိုက္ေလယာဥ္မ်ားေလ့က်င့္ ပ်ံသန္းမႈတစ္ရပ္ကို မတ္လ ၄ ရက္တြင္ ျပဳလုပ္ခဲ့ေၾကာင္း ေတာင္ကိုရီးယားေလတပ္၏ ထုတ္ျပန္ခ်က္ကို ကိုးကား၍ ယြန္ဟပ္သတင္းေအဂ်င္စီတြင္ ေဖာ္ျပသည္။

Buddy Squadron ဟုအမည္ေပးထားသည့္ အဆိုပါ တိုက္ေလယာဥ္ပ်ံသန္းေရး ေလ့က်င့္မႈကို ဆိုးလ္ၿမိဳေတာ္ ေတာင္ပိုင္းရွိ အိုဆန္ေလတပ္အေျခစိုက္ စခန္းတြင္ စတင္လုပ္ေဆာင္ျခင္းျဖစ္ၿပီး ယင္းေလ့က်င့္မႈကို ငါးရက္ၾကာ လုပ္ေဆာင္မည္ ျဖစ္သည္။

ယခုလုပ္ေဆာင္သည့္ တိုက္ေလယာဥ္ေလ့က်င့္ပ်ံသန္းမႈသည္ ေတာင္ကိုရီးယားႏွင့္ အေမရိကန္တိုၾကား ၂၀၂၄ ခုႏွစ္တြင္ ပထမဆုံးလုပ္ေဆာင္သည့္ ေလေၾကာင္း ေလ့က်င့္ပ်ံသန္းမႈျဖစ္ၿပီး ယင္းေလ့က်င့္မႈတြင္ အေမရိကန္ေလတပ္မွ F-16 တိုက္ေလယာဥ္မ်ားႏွင့္ ေတာင္ကိုရီးယားေလတပ္မွ F-15K တိုက္ေလယာဥ္မ်ား ပါဝင္ၿပီး ခုခံကာကြယ္ေရးအတြက္ ေလ့က်င့္မည္ျဖစ္ေၾကာင္း သိရသည္။

ေတာင္ကိုရီးယားႏွင့္ အေမရိကန္တို သည္ Buddy Squadron တိုက္ေလယာဥ္ေလ့က်င့္ပ်ံသန္းမႈ ၄၇ ခုကိုလည္း Freedom Shield စစ္ေရးေလ့က်င့္မႈ အတြင္း လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ယြန္ဟပ္သတင္းေအဂ်င္စီက ဆက္လက္ေဖာ္ျပခဲ့ေၾကာင္း Sputnik သတင္းဌာနမွ သိရသည္။

=======

တောင်ကိုရီးယားနှင့် အမေရိကန်တိုက တိုက်လေယာဉ်လေ့ကျင့်ပျံသန်းမှုတစ်ရပ် စတင်လုပ်ဆောင်

မတ် ၆

တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတိုသည် ၎င်းတိုကြား နှစ်စဉ်ကျင်းပမြဲ စစ်ရေးလေ့ကျင့်မှု တစ်ရပ်ဖြစ်သည့် Freedom Shield စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တိုက်လေယာဉ်များလေ့ကျင့် ပျံသန်းမှုတစ်ရပ်ကို မတ်လ ၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားလေတပ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ယွန်ဟပ်သတင်းအေဂျင်စီတွင် ဖော်ပြသည်။

Buddy Squadron ဟုအမည်ပေးထားသည့် အဆိုပါ တိုက်လေယာဉ်ပျံသန်းရေး လေ့ကျင့်မှုကို ဆိုးလ်မြိုတော် တောင်ပိုင်းရှိ အိုဆန်လေတပ်အခြေစိုက် စခန်းတွင် စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းလေ့ကျင့်မှုကို ငါးရက်ကြာ လုပ်ဆောင်မည် ဖြစ်သည်။

ယခုလုပ်ဆောင်သည့် တိုက်လေယာဉ်လေ့ကျင့်ပျံသန်းမှုသည် တောင်ကိုရီးယားနှင့် အမေရိကန်တိုကြား ၂၀၂၄ ခုနှစ်တွင် ပထမဆုံးလုပ်ဆောင်သည့် လေကြောင်း လေ့ကျင့်ပျံသန်းမှုဖြစ်ပြီး ယင်းလေ့ကျင့်မှုတွင် အမေရိကန်လေတပ်မှ F-16 တိုက်လေယာဉ်များနှင့် တောင်ကိုရီးယားလေတပ်မှ F-15K တိုက်လေယာဉ်များ ပါဝင်ပြီး ခုခံကာကွယ်ရေးအတွက် လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို သည် Buddy Squadron တိုက်လေယာဉ်လေ့ကျင့်ပျံသန်းမှု ၄၇ ခုကိုလည်း Freedom Shield စစ်ရေးလေ့ကျင့်မှု အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဆက်လက်ဖော်ပြခဲ့ကြောင်း Sputnik သတင်းဌာနမှ သိရသည်။