စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်/ ကျေး ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိင်းအစည်းအဝေးပြုလုပ်
(၂၄-၆-၂၀၂၃)ရက်နေ့(၁၀:၀၀)မှ(၁၂:၀၀)အချိန်ထိ စဥ့်ကိုင်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် တိုင်းဒေသကြီး/ခရိုင်/မြိုနယ်/ရပ်/ ကျေး ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိင်းအစည်းအဝေးပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၊တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးမြတ်သူ၊ ဦးကျော်စန်း၊ဦးမျိုးမြင့်၊ကျောက်ဆည်ခရိုင်ကော်မတီဝင် ဦးညီညီ၊စဥ့်ကိုင်မြိုနယ် ဥက္ကဌဦးထွန်းထွန်းနိုင်နှင့်ကော်မတီဝင်များ၊ရပ်/ ကျေးပါတီ ဥက္ကဌများ၊ကော်မတီဝင်များ စုစုပေါင်းအင်အား (၉၅)ဦး တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးမြတ်သူ၊ဦးမျိုးမြင့်၊ ဦးကျော်စန်းတိုက ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ပြည်တွင်း၊ပြည်ပမှ သွေးထိုးလှုဆော်နေမှု အခြေအနေများ၊နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်၊ တည်ထောင်ခွင့်လျောက်ထားမှု အခြေအနေများ၊မန္တလေးတိုင်းဒေသကြီးအတွင်း ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ အခြေအနေများ၊ လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အကြောင်းတို့အား လည်းကောင်း၊ ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်ချက်ဖြစ်သော ဒုတိယ(၃)လပတ်၊ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ တိုင်းဒေသကြီးပါတီ၏ လမ်းညွှန်ချက် လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပြည့်မဏ္ဍိုင်ကဏ္ဍ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ပါတီဝင်များ၊ဒေသခံပြည်သူများနှင့်တွေ့ဆုံရေးလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် မြိုနယ်ပါတီဥက္ကဌ ဦးထွန်းထွန်းနိုင်က မြိုနယ်ကော်မတီဝင်များနှင့်ရပ်/ ကျေးပါတီကော်မတီဝင်များက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။