ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမီးဖွားခြင်းနောက်ဆက်တွဲပြဿနာများကြောင့် ကမ္ဘာပေါ်တွင် နှစ်မိနစ်တိုင်း အမျိုးသမီးတစ်ဦး သေဆုံး
ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမီးဖွားခြင်းနှင့် ၎င်းတို့၏ နောက်ဆက်တွဲပြဿနာများကြောင့် ကမ္ဘာပေါ်တွင် နှစ်မိနစ်တိုင်း အမျိုးသမီးတစ်ဦး သေဆုံးလျက်ရှိကြောင်း World Health Organization Myanmar မှ သိရသည်။
ကိုယ်ဝန်တစ်ခုနှင့် တစ်ခုကြားအချိန်နီးခြင်း (ကလေးနီးခြင်း) သည် မိခင်နှင့် ကလေးအတွက် အန္တရာယ် ရှိစေနိုင်ကြောင်း သိရသည်။
သားပျက်သားလျှော ဖြစ်ထားသော မိခင်များနှင့် ကလေး မွေးဖွားပြီးနောက် မိခင်နို့မတိုက်သော မိခင်များတွင် သားဆက်ခြား နည်းလမ်း တစ်ခုခုမသုံးပါက ကိုယ်ဝန်လျင်မြန်စွာပြန်ရနိုင်သောကြောင့် သင့်တော်သော သားဆက်ခြား နည်းလမ်းတစ်ခုခုကိုစတင်အသုံးပြုနိုင်ကြောင်း သိရသည်။
သားဆက်ခြား ဝန်ဆောင်မှုများသည် အမျိုးသမီးများ ကလေးမွေးဖွားခြင်း သို့မဟုတ် သားပျက်သားလျှော ဖြစ်ပြီးနောက်တွင် မဖြစ်မနေရယူသင့်သော ကျန်းမာရေးစောင့်ရှောက်မှုများထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။
ကျန်းမာသော မိခင်နှင့် ကလေးဘ၀ရရှိစေရန် မိခင်များသည် ကလေးမွေးဖွားပြီးနောက် အနည်းဆုံး နှစ်နှစ်ခြားပြီးမှ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်သင့်ကြောင်း သိရသည်။
သားပျက်၊ သားလျှော ဖြစ်ထားသော မိခင်များအနေဖြင့် သားပျက်သားလျှောဖြစ်ပြီး အနည်းဆုံးခြောက်လကြာမှ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်သင့်ကြောင်း သိရသည်။ #sdtimedaily