တိုကျိုမှာ နေတိုးအဖွဲ့ ဆက်သွယ်ရေးရုံးထားရှိဖို့ ပြင်ဆင်
တိုကျိုမြို့မှာ နေတိုးအဖွဲ့ရဲ့ ဆက်သွယ်ရေးရုံး ဖွင့်လှစ်နိုင်ဖို့ ဂျပန်နိုင်ငံက လုပ်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ဂျပန်သံမတ်ကြီး ကိုဂျိတိုမီတာ က မေလ ၉ ရက်မှာ ပြောကြားပါတယ်။
ဒေသတွင်း ဆွေးနွေးတိုင်ပင်မှုတွေကို အထောက်အကူပေးနိုင်ရန် အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က အာရှမှာ ပထမဆုံးဖြစ်လာမယ့် ဆက်သွယ်ရေးရုံးကို တိုကျိုမှာ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ Nikkei Asia သတင်းစာရဲ့ သတင်းနဲ့ပတ်သက်ပြီး မေးမြန်းချိန် ဂျပန် သံအမတ်ကြီး က ဝါရှင်တန်မြို့ က National Press Club မှာ အထက်ပါအတိုင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံး အတည်ပြုချက်အကြောင်း မကြားမိသေးဘူးလို့ မစ္စတာ တိုမီတာ က ပြောကြားသော်လည်း နေတိုးရုံး ဖွင့်ဖို့ လုပ်နေကြောင်း အတည်ပြုသွားပါတယ်။
နေတိုးအဖွဲ့ကလည်း Nikkei Asia သတင်းကို အတည်မပြုခဲ့ဘဲ မိမိတို့အနေနဲ့ နေတိုးမဟာမိတ်တွေကြား ဆက်လက်လုပ်ဆောင်နေတဲ့ ဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်ကို မပြောလိုကြောင်း ပြောကြားပါတယ်။
နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုလ်တန်ဘာ့ဂ် က ဇန်နဝါရီလတုန်းက ဂျပန်နိုင်ငံကို လည်ပတ်ခဲ့ကာ သမိုင်းဝင် စိန်ခေါ်မှုတွေ ရှိနေချိန်မှာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ကြဖို့ ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါ နဲ့အတူ ကတိပြုခဲ့ကြပါတယ်။
-Ref: Reuters/yb