ကမ္ဘောဒီးယား၌ ကြက်ငှက်တုပ်ကွေးကြောင့် ၁၁ နှစ်အရွယ်ကလေးတစ်ဦးသေဆုံး

ဖနွမ်းပင်၊ဖေဖော်ဝါရီ ၂၃

ကမ္ဘောဒီးယား၌ အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦး ကြက်ငှက်တုပ်ကွေးရောဂါဖြင့် သေဆုံး သွားကြောင်း သိရပြီး နှစ်အတော်ကြာအတွင်း နိုင်ငံ၏ ပထမဆုံးကြက်ငှက်တုပ်ကွေးကြောင့် သေဆုံးမှုဖြစ်လာကြောင်း ကျန်းမာရေး အာဏာပိုင်များကပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း မကြာသေးမီအချိန်အတွင်း တွေ့ရှိမှုပြန်များလာသော ကြက်ငှက်တုပ်ကွေး ရောဂါနှင့်ပတ်သက်၍ သတိထားစောင့်ကြည့်ရန်ညွှန်ကြားခဲ့သော်လည်း လူများသို့ကူးစက်နိုင်ချေနည်းသည်ဟု ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား၌သေဆုံးသွားသောကလေးငယ်သည် ဖေဖော်ဝါရီ ၁၆ ရက်ကစတင်ဖျားနာခဲ့ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း နှင့် လည်ချောင်းနာခြင်းများဖြစ်ပွားကာ ဆေးရုံ၌သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

မည်သည့်နေ့ကသေဆုံးသွားသည်ကို အတိအကျမပြောကြားခဲ့သော်လည်း အဆိုပါကလေးငယ်၏ဆေးစစ်ချက်၌ ကြက်ငှက်တုပ်ကွေးရောဂါ H5N1 အားစစ်ဆေးတွေ့ရှိခဲ့သည်။ကြက်ငှက်တုပ်ကွေးသည်ငှက်များမှ လူသို့ တိုက်ရိုက် ကူးစက်နိုင်သည်ဟုလည်းသိရသည်။

အဆိုပါကြက်ငှက်တုပ်ကွေးရောဂါကြောင့်သေဆုံးသွားသည့် ကလေးငယ်၏မိဘဆွေမျိုးများအား ကမ္ဘောဒီးယား ဝန်ကြီးချုပ် မစ္စတာဟွန်ဆန်က အမေရိကန်ဒေါ်လာ ၄၉၂ ဒေါ်လာတန်ဖိုးရှိ အလှူငွေများလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကလေးငယ်သေဆုံးပြီးနောက် ၎င်းနေထိုင်ရာပတ်ဝန်းကျင်အား သတိထားစောင့်ကြည့်နေခဲ့ရာမှ ယနေ့တွင် နောက်ထပ် ၁၂ ဦး၌ ကြက်ငှက်တုပ်ကွေး H5N1 အား ထပ်မံတွေ့ရှိခဲ့သည်ဟုလည်း ကမ္ဘောဒီးယား ကျန်းမာရေး ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

Ref:AFP