ပုသိမ်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပညာရေးစုံညီပွဲတော်သို့တက်ရောက်
၁၄-၁-၂၀၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင်ပုသိမ်ကြီးမြို့နယ်၊ရွာရှည်ကျေးရွာ၊အမှတ် ၆၁ မူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ပညာရေးစုံညီပွဲတော်ကျင်းပခဲ့ရာ ပုသိမ်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးဆွေသန်း၊ အတွင်းရေးမှုးဦးကိုကိုလွင်၊ကော်မတီဝင်ဦးအောင်သူတို့တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် စုံညီပွဲတော်အား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဆွေသန်း၊ မြို့နယ်ပညာရေးမှုးဦးမျိုးဝေ၊နယ်မြေခံတပ်နယ်မှဗိုလ်ကြီးပြည့်ဖြိုး၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်စန်းနွယ်၊မြို့နယ်ပါတီကော်မတီဝင်ဦးအောင်သူတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးထူးချွန်ဆုရကျောင်းသား/ သူ များအားမြို့နယ်ပါတီဥက္ကဌဦးဆွေသန်းနှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ပါသည်။