ပါကွီတာကို စံချိန်တင်ကြေးဖြင့် ဝက်စ်ဟမ်းခေါ်ယူ

လန်ဒန်အခြေစိုက် ဝက်စ်ဟမ်းအသင်းဟာ ဘရာဇီးကွင်းလယ်လူ ပါကွီတာကို ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၅ နှစ်သာ ရှိသေးတဲ့ ပါကွီတာဟာ ပြင်သစ်ကလပ် လိုင်ယွန်ကနေ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းနဲ့ ၅ နှစ် စာချုပ်ခဲ့တာပါ။ ဝက်စ်ဟမ်းအသင်းအနေနဲ့ ပါကွီတာအတွက် ကနဦး ပေါင် ၃၆ သန်းကျော် အသုံးပြုခဲ့သလို ပြောင်းရွှေ့ကြေးစုစုပေါင်း ပေါင် သန်း ၅၀ ကျော်အထိ ပေးချေသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်က ဖရန့်ဖတ်အသင်းကနေ တိုက်စစ်မှူး ဟော်လာကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူခဲ့မှုကို ကျော်လွန်ပြီး ဝက်စ်ဟမ်းအသင်းရဲ့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက လီဂူးဝမ်းမှာ ၃၅ ပွဲအထိ ကစားပြီး ၉ ဂိုးသွင်းကာ ၆ ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ ပါကွီတာအနေနဲ့ ဝက်စ်ဟမ်းအသင်းမှာ ကျောနံပါတ် ၁၁ ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။