ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ဝန်းသိုမြို့နယ်ရှိ စာသင်ကျောင်းများသို့ COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

 

ဝန်းသို သြဂုတ် ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုး သည် ယမန်နေ့ နံနက်ပိုင်းက ဝန်းသိုမြို့နယ်ရှိ ဂျိုးတောင်(အထက)တွင် Mask အခု၅ဝဝ၊ PPE သုံးစုံ၊ Hand Gel ဘူးကြီး နှစ်ဘူး၊ အသေး ၁ဝဘူး၊ အပူချိန်တိုင်းကိရိယာတစ်ခု၊ ဆေးခင်းခုံ (အထက-ခွဲ) တွင် Mask အခု ၃ဝဝ ၊PPEနှစ်စုံ၊Hand Gelဘူးကြီးနှစ်ဘူး၊ အပူချိန်တိုင်းကိရိယာတစ်ခု၊ သင်တော (အထက-ခွဲ) တွင် Mask အခု ၃ဝဝ၊ PPE နှစ်စုံ၊Hand Gel ဘူးကြီး နှစ်ဘူး၊ အပူချိန်တိုင်းကိရိယာတစ်ခု၊ ပိန္နဲကုန်း (အထက-ခွဲ) တွင် Mask အခု၃ဝဝ၊ PPE နှစ်စုံHand Gelဘူးကြီးနှစ်ဘူး၊ အပူချိန်တိုင်းကိရိ ယာတစ်ခု။ တောင်ပို့လှ(အထက-ခွဲ) တွင် Mask အခု၃ဝဝ၊ PPE နှစ်စုံ၊Hand Gel ဘူးကြီးနှစ်ဘူး၊ အပူချိန် တိုင်း ကိရိယာတစ်ခု၊ တပ်နယ် (အထက-ခွဲ) တွင် Mask အခု၃ဝဝ၊ PPE နှစ်စုံ၊Hand Gel ဘူးကြီး နှစ်ဘူး၊ အပူချိန်တိုင်းကိရိယာ တစ်ခု၊ ကင်း(အထက-ခွဲ)တွင် Mask အခု၃ဝဝ၊PPE နှစ်စုံ၊ Hand Gel ဘူးကြီးနှစ်ဘူး၊ အပူချိန်တိုင်း ကိရိယာတစ်ခု၊ ဝန်းသို (အထက) တွင်Mask အခု၅ဝဝ ၊PPE သုံးစုံ၊ Hand Gel ဘူးကြီးနှစ်ဘူး၊ အသေး ၁ဝဘူး၊အပူချိန်တိုင်းကိရိယာတစ်ခု နှင့်မြို့နယ်ပညာရေးမှူးရုံးLaptop & Printer တစ်စုံတို့ကို စာသင်ကျောင်း အသီးသီးသို့သွားရောက် လှူဒါန်းခဲ့ပြီး ၂ဝ၁၉-၂ဝ၂ဝပညာသင်နှစ်တွင် ဝန်းသိုအခြေခံပညာအထက် တန်းကျောင်းမှတက္ကသိုလ်ဝင်တန်း ကို ထူးချွန်စွာအောင်မြင်ခဲ့ကြသော (စဒ ၈၈) အောင်အောင်ဦး ခြောက်ဘာသာ သိပ္ပံတွဲ (လူရည်ချွန်)နှင့် (စဒ ၄၆) မရှင်းသန့်ယဉ် ခြောက် ဘာသာသိပ္ပံတွဲ (လူရည်ချွန်)တို့ အား ငွေကျပ် တစ်သိန်းစီ ဆုချီးမြှင့် ကြောင်း သိရသည်။

ယင်းခရီးစဉ်တွင် ဝန်းသိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးထိန်မင်း၊ ဦးစိုးပိုင်၊ ဦးမောင်ဝေ နှင့် လူငယ် တာဝန်ခံ ဒေါ်ငြိမ်းပြည့်ပြည့်ဝင်းရွှေ တို့လိုက်ပါခဲ့ကြောင်း သိရသည်။

ညီညီထွန်း(ဝန်းသို)