တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီက COVID-19 ကာလအတွင်း Home Stay မိသားစုများအား ဆန်များကို သက်သာဈေးနှုန်းဖြင့် ရောင်းချပေး

 

တနင်္သာရီ ဇွန် ၁၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထင်ပေါ် ဦးဆောင်မှုနှင့်အတူ မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးအောင်နု၊ မြို့နယ်ပါတီ ရုံးဦးစီးအဖွဲ့ဝင်ဦးဖြူမျိုးဝင်း၊ ချောင်းငယ်ရပ်ကွက်ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်တို့ လိုက်ပါ၍ ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီ မြို့နယ် ကျေးရွာများသို့ သွားရောက်ပြီး ပါတီကော်မတီဝင်များနှင့် ပူးပေါင်း၍ Home Stay မိသားစုများထံ ဆန် များကို သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

အဆိုပါဆန်များကို သက်သာဈေးနှုန်းဖြင့် ရောင်းချပေးရခြင်းမှာ မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပေါ် နေသော COVID-19 ကူးစက်ရောဂါအား ဒေသခံပြည်သူများ ရောဂါကူးစက်မှု မခံရစေရေးအတွက် လူများထူထပ် သော ပြင်ပနေရာများသို့ သွားလာမှုမပြုလုပ်ဘဲ ရောဂါတိမ်းရှောင်သည့် အနေဖြင့် မိမိနေအိမ်၌ နေထိုင်ကြသော Home Stay မိသားစုများမှ ဆန်များကို သက်သာဈေးနှုန်းဖြင့် အလွယ်တကူဝယ်ယူ စားသုံးနိုင်ရန် ရည်ရွယ် ချက်ဖြင့် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးထင်ပေါ် ဦးဆောင်၍ မြိတ်မြို့မှဆန်များကိုဝယ်ယူပြီး မော်တော် ယာဉ်ဖြင့် သယ်ဆောင်ကာ တမုတ်ချုံးကျေးရွာအုပ်စု ရေဖြူကျေးရွာ၊ ချောင်းလမုကျေးရွာအုပ်စု ချောင်းလမုရွာနှင့် ရွာသာယာကျေးရွာများတွင် နေထိုင်ကြသော Home Stay မိသားစုများ နေအိမ်ရှေ့သို့ ငါးပြည်ဝင် ဆန်တစ်အိတ် ကို အိမ်တိုင်ရာရောက် ကျပ် ၅၅ဝဝ ဈေးနှုန်းအတိုင်း သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။ဖြူမျိုး(တနင်္သာရီ)