စလင်းပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥပဒေပြုရေးရုံးသို့ COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

 

စလင်း ဇွန် ၁၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့နှင့်မြို့နယ် ဥပဒေပြုရုံးများသို့ ယမန်နေ့ နံနက် ၉ နာရီကCOVID-19 ကာကွယ်ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။

စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြိုင်၏ လမ်းညွှန်မှုအရ အတွင်းရေးမှူး ဦးဇော်နိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်ဦးတိုးတိုး၊ ဦးဝင်းခိုင်တို့ ပါဝင်သော မြို့နယ်ပါတီကော်မတီဝင်တို့သည် ရှေးဦးစွာ စလင်းမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့သို့ COVID-19 ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လှူဒါန်းရာရှေ့နေကြီး ဦးဇော်ဦးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ဆက်လက်၍ စလင်းမြို့နယ် ဥပဒေပြုရုံးသို့ COVID-19 ကာ ကွယ်ရေးပစ္စည်းများ လှူဒါန်းရာ ဥပဒေအရာရှိက လက်ခံရယူ၍ ကျေးဇူးတင်စကားများပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။စစ်ကြည်(စလင်း)