ဥရောပ၏ တန်ဖိုးအရှိဆုံးအသင်းအဖြစ် လီဗာပူးရပ်တည်
ဥရောပထိပ်သီးလိဂ်ငါးခု အပြောင်းအရွှေ့ဈေးကွက်အတွင်း လီဗာပူးအသင်းတွင် တန်ဖိုး အရှိဆုံး ကစားသမား များကို ပိုင်ဆိုင်ထားကြောင်း သုတေသနအ ဖွဲ့ CIES ဘောလုံးလေ့လာရေးအ ဖွဲ့က ဖော်ပြသည်။
စုစုပေါင်း တန်ဖိုး ယူရို ၁ ဒသမ ၄ ဘီလီယံ (ပေါင် ၁ ဒသမ ၂၇ ဘီလီယံ) နှင့်အတူ လီဗာပူး သည် ဒုတိယနေရာမှ မန်စီးတီး (ပေါင် ၁ ဒသမ ၁၄ ဘီလီယံ) ကို ကျော်၍ ထိပ်ဆုံး၌ ရပ်တည်နေသည်။ ချယ်လ်ဆီးသည်ပဉ္စမနေရာ ၌ ရှိပြီး မန်ယူနှင့်စပါးတို့ ထိပ်ဆုံး ၁၀ သင်းစာရင်းဝင်သည်။
စုစုပေါင်းတန်ဖိုး ပေါင် ၃၃ ဒသမ ၇ သန်းနှင့်အတူ ဘွန်ဒက်စ်လီဂါကလပ် ပါဒါဘွန်းမှာ ယင်း စာရင်း၏ အောက်ဆုံးနေရာ၌ ရှိနေသည်။
ယခုရာသီတွင် လီဗာပူး သည် ပရီးမီးယားလိဂ်ဖလားရရှိရန် ကျိန်းသေသလောက်ဖြစ်နေပြီး လက်ကျန်ကိုးပွဲမှ နှစ်ပွဲနိုင် လျှင် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလား ရရှိမည်ဖြစ်သည်။
ပြီးခဲ့သည့် ရာသီက ချန်ပီယံ လိဂ်ဖလားရရှိခဲ့သော လီဗာပူး သည် ယခုရာသီတွင် ယူအီး အက်ဖ်အေစူပါဖလားနှင့် ဖီဖာကလပ်များ ကမ္ဘာ့ဖလားတို့ ရရှိထားသည်။
နည်းပြဖရန့်လမ်းပတ်၏ ချယ်လ်ဆီးသည် ဖီဖာ၏အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုအပြီးတွင် လူငယ်ကစားသမား များကို ပွဲထုတ်ခဲ့ခြင်းနှင့်အတူ ပေါင် ၉၁၇ သန်း တန်ဖိုးရှိပြီး ပဉ္စမနေရာ၌ အံ့သြဖွယ်ရပ်တည်နေကြောင်း CIES က ပြောသည်။
ကစားသမားအသက်အရွယ်၊ စွမ်းဆောင်ရည်၊ အသင်း၏ စီးပွားရေးဆိုင်ရာတန်ဖိုး၊ ကစား သမားများ၏ တန်ဖိုး၊ ငွေဖောင်းပွမှုတို့ကို ထည့်သွင်းတွက်ချက်ကာ CIES က လီဗာပူးကိုဥရောပ၏ တန်ဖိုးအရှိဆုံးအသင်းအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။
ပီအက်စ်ဂျီမှ ပြင်သစ်တိုက်စစ်မှူး မက်ဘီ (၂၁) နှစ်သည် ပေါင် ၂၂၇ သန်းဖြင့် တန်ဖိုးအများဆုံး ကစားသမားအဖြစ် ရှိနေသည်။ CIES ၏ စာရင်းတွင် ဘာစီလိုနာက တတိယနှင့် ရီးရဲလ်က စတုတ္ထနေရာ၌ ရှိနေသည်။ -Ref: BBC