ညောင်ဦးမြို့ အမှတ် (၅) ရပ်ကွက်နှင့် အမှတ် (၆) ရပ်ကွက်တို့တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပ
ညောင်ဦး ဇွန် ၃ဝ
ညောင်ဦးမြို့ အမှတ် (၅) ရပ်ကွက် ရပ်ကွက်စည်းရုံးရေးဥက္ကဋ္ဌ ဒေါ်ရီရီဌေး နေအိမ်တွင်လည်းကောင်း၊ အမှတ် ၆ ရပ်ကွက် အောင်မြေသာရပ်ရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီ စည်းရုံးရေးဥက္ကဋ္ဌ ဦးကြည် နေအိမ်တွင် လည်းကောင်း၊ တစ်ရက်တည်းနှင့် ရပ်ကွက်နှစ်ခုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်နှစ်ခု စိုက်ထူပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲသို့ ညောင်ဦးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ ခရိုင်ပါတီ ကော်မတီဝင် စီမံဘဏ္ဍာ ဒေါ်မြသန္တာဦးနှင့် ရုံးအဖွဲ့ဝင်များ၊ ယင်းနောက် မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်ဌေးနှင့် မြို့နယ်ပါတီ ကော်မတီဝင် ဦးတင်ဝင်း၊ ဦးကျောက်ခဲ၊ အရန် ပါတီကော်မတီဝင် ဦးစံလင်းနှင့် မြို့နယ်ရုံးအဖွဲ့ဝင်များ ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာ စည်းရုံးရေးဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များ၊ ပါတီဝင်များနှင့်အဖွဲ့တို့သည် ယမန်နေ့ နံနက် ၉ နာရီမှစတင်ပြီး တစ်ရက်တည်းနှင့် ရပ်ကွက်နှစ်ခု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်နှစ်ခုအား အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး အောင်မြင်စွာ စိုက်ထူပေးခဲ့ကြောင်း သိရသည်။
ကျော်ဌေး(ညောင်ဦး