ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ထေရဝါဒဓမ္မပြန့်ပွားရေးနှင့် နာရေးကူညီမှု အသင်းသို့ အလှူငွေ ပေးအပ်လှူဒါန်း

 

နေပြည်တော် ဇွန် ၁၉

ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲအုပ်စု ဖြုတ်ခွဲကျေးရွာ ပြည်ခိုင်ဖြိုးပါတီ (ရပ်/ကျေး ပါတီရုံး)၌ ယမန်နေ့ နံနက် ၈ နာရီခွဲတွင် ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့်အဖွဲ့က ထေရဝါဒဓမ္မ ပြန့်ပွားရေးနှင့် နာရေးကူညီမှုအသင်းသို့ အလှူငွေကျပ် ၁၂ သိန်း ပေးအပ် လှူဒါန်းခဲ့သည်။ အဆိုပါအသင်းသို့ အလှူငွေပေးအပ်ပွဲတွင် ကျေးရွာအုပ်စု လူငယ်ခေါင်းဆောင် ဦးဉာဏ်ထွန်းက မိမိတို့အသင်းအတွက် လိုအပ်လျက်ရှိသော အအေးခေါင်းဝယ်ယူရန် ပြည်ခ%