ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာပြည်သူများနှင့် တွေ့ဆုံ ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်

 

ပုသိမ်ကြီး ဇွန် ၉

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်တံတိုင်းရှည် ကျေးရွာအုပ်စု နတ်စုကျေးရွာ ဦးဇော်ဝင်း၏ နေအိမ်တွင် ယမန်နေ့ နံနက်က ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံရာသို့ မြို့နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးကျော်မြိုင် (နယ်မြေမှူး)၊ အရန်ပါတီကော်မတီဝင် ဦးမြင့်နိုင်၊ ကျေးရွာပါတီခေါင်းဆောင် ဦးဇော်ဝင်းနှင့် ပါတီကော်မတီဝင်များ၊ ပြည်သူ လူထုများ တက်ရောက်ခဲ့ကြောင်း သိရသည်။  ဦးဝင်းနိုင်က လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ဆွေးနွေးခဲ့ပြီး ဦးကျော်မြိုင်က ၂ဝ၂ဝ ပါတီအောင်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဦးမြင့်နိုင်က ကျေးရွာအုပ်စုအလိုက် အခြေအနေများကို တင်ပြခဲ့ပြီး တက်ရောက်လာသူများက ရင်းရင်းနှီးနှီး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။  ရိုးဆန်း