မင်္ဂလာဒုံပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၆) မူလတန်းကျောင်းသို့ စားပွဲနှင့် ကုလားထိုင်များ လှူဒါန်း
ရန်ကုန်၊ ဇွန် ၆
မင်္ဂလာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စမ်းကြီးဝရပ်ကွက် ရပ်/ကျေးပါတီနှင့် ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းသို့ ကျောင်းတွင်းလိုအပ်လျက်ရှိသော စားပွဲခုံ ၁၀ ခုံနှင့် ထိုင်ခုံ ၄၂ လှူဒါန်းပွဲကို ယမန်နေ့ ၁၀ နာရီအချိန်က အဆိုပါကျောင်း ရုံးခန်းတွင်း ကျင်းပလှူဒါန်း ခဲ့သည်။
လှူဒါန်းပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကောင်မတီဝင်များ၊ ရပ်/ကျေးကော်မတီဝင်များ တက်ရောက် လှူဒါန်းခဲ့ကြပြီး ကျောင်းတွင်တက်ရောက် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်သားများ အတွက် ဗလာစာအုပ်နှင့်ခဲတံများလည်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။