နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သောက်ရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေ သွားရောက် လှူဒါန်း

 

နတ်မောက် ဇွန် ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျောက်ပုံကျေးရွာအုပ်စု ဂွေးကန် (တ) ကျေးရွာအား နတ်မောက် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုးနှင့်အတူ မြို့နယ်ပါတီကော်မတီဝင် ဦးထွန်းမှီ၊ ဦးအောင်မြငြိမ်း၊ ဦးသန်းဝင်း၊ ဦးစိန်ကျော်လင်းနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ လိုက်ပါပြီး သောက်သုံးရေ သန့်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဂွေးကန်ကျေးရွာမှာ အိမ်ခြေ ၁ဝဝ၊ လူဦးရေ ၄၄၉ ဦး ရှိသည်။ မိုးရာသီမှာ မိုးမရွာနေပူနေသည့်အခါ ကန်ရေချောင်းရေများ ခန်းခြောက်နေသည့်အတွက် လူသုံးရေအပြင် တိရစ္ဆာန်များ သောက်သုံးနိုင်ရန် ရေများပါ လိုအပ်နေသည့်အတွက် ယခုလိုသွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ရေဂါလန် ၁၆ဝဝဆံ့ ကားသုံးစီးအား ယမန်နေ့တွင် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ ကိုယ်တိုင်သွားရောက် လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။

ထွန်းမှီ (နတ်မောက်)