ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌဦးသန်းဌေး ပြည်၊ ပန်းတောင်း၊ သဲကုန်း၊ ရွှေတောင်မြို့နယ်များမှ ပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၁၆

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းသို့ ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ မေလ ၁၆ ရက်နေ့ ညနေ ၄ နာရီ အချိန်၌ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့သို့ ရောက်ရှိကာ တိုင်းဒေသကြီး အနောက်ပိုင်း ပါတီရုံးခန်းမ၌ ပြည်၊ ပန်းတောင်း၊ သဲကုန်း၊ ရွှေတောင်မြို့နယ်များမှ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်အလံ အလေးပြုကြပြီး နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်အမှာစကာ ပြောကြားခဲ့သည်။

ပါတီဥက္ကဋ္ဌမှ အမှာစကား ပြောကြားပြီးနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများမှ NVC ကတ်ကိစ္စများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ လယ်သမားများအခက် စိုက်ပျိုးရောင်ချရေး အခက်အခဲ ဖြစ်ပေါ်နေမှု၊ စာပေ သင်ကြားမှုများနှင့် သင်ရိုးညွှန်းတမ်းများအပေါ် သိရှိလိုကြောင်း မေးမြန်းရာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေ အတွင်းရေးမှူး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်တို့မှ ပြန်လည်ဖြေကြား ခဲ့ကြပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နိဂုံးချုပ်စကား ပြောကြားသည်။

အစီအစဉ်အရ အခမ်းအနားအား ကြွေးကြော်သံများဟစ်ကြွေးကြကာ ရုတ်သိမ်းခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမူဆောင်များ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ ဒုဥက္ကဋ္ဌ ဦးအောင်ချိုဦး ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဒေါက်တာနန္ဒာလှမြင့်၊ ဒေါ်ခင်ဆွေမြင့်၊ ဦးရဲထွဋ်အောင်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ ပါတီဝင် ၅၀၀ ဦးခန့် တက်ရောက် ခဲ့ကြသည်။