မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
(၁၃.၅.၂၀၁၉) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ခန်းမ၌ မန္တလေးခရိုင် နယ်မြေတာဝန်ခံနှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပါတီကော်မတီဝင် (မန္တလေးခရိုင်နယ်မြေ တာဝန်ခံ) ဦးမျိုးမြင့်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးကျော်စန်း၊ မန္တလေးခရိုင် ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊ ခရိုင်ပါတီကော်မတီဝင်များ၊ မန္တလးခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြ ပါသည်။
အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီးပါတီ ကော်မတီဝင် (မန္တလေးခရိုင်နယ်မြေတာဝန်ခံ) ဦးမျိုးမြင့်က ပါတီအဆင့်ဆင့် တာဝန်ရှိသူများ အနေဖြင့် ပြည်သူလူထုအသံများကို စဉ်ဆက်မပြတ် နားထောင်သွားပြီး လိုအပ်ချက်များကို ပြည်သူ့ဘက်မှ ရဲ့ဝံ့တည်ကြည်စွာ ဆက်လက်ရပ်တည် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဒေသအလိုက်ဖြစ်ပေါ်နေမှု အခြေအနေအရပ်ရပ်ကို မိမိတို့ပြည်သူများ ခံစားနေရမှုများသည် မိမိတို့ခံစားရ သကဲ့သို့ ခံယူပြီး အပြုသဘောဆောင်သော ထောက်ပြမှုများကို ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန်လည်း ဖြစ်စဉ်များအပေါ် အခြေခံပြီးစောင့်ကြည့် သွားကြရန်လည်း လိုအပ်ကြောင်း ဆွေးနွေးမှာကြား ခဲ့ပါသည်။