ယင်းမာပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲပြုလုပ်
ယင်းမာပင် ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် ခရိုင် ယင်းမာပင်မြို့နယ် တောင်ပုအုပ်စု အိုးဘိုကျေးရွာ ဦးတင်မြင့် နေအိမ်ဝိုင်း အတွင်း ပါတီရုံးဖွင့်လှစ်ခြင်းနှင့် ပါတီဆိုင်း ဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီတွင် စတင်ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်ပါတီ ကော်မတီဝင်ဦးညွန့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သိန်း၊ အတွင်းရေးမှူး ဦးသန်း နိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့် ပါတီဝင်များ ၅ဝ ကျော်တက်ရောက်ခဲ့သည်။ အဆိုပါ ဆိုင်း ဘုတ်ကို အောင်သပြေခက်နှင့် အမွှေးနံ့သာ များ ပက်ဖျန်းကာ ဖွင့်လှစ်ပေးခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အပြီးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် သိန်းက ပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ ရာ ယခုလက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ ဘာသာရေး၊ လူမှု့ရေး၊ စီးပွားရေးကိစ္စရပ် များအား တင်ပြဆွေးနွေးပြီး ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်ခဲ့သည်။ အခမ်းအနား ကို နံနက် ၁ဝ နာရီတွင် ရပ်နားခဲ့ကြောင်း သိရသည်။
ဇော်ထွေး(ယင်းမာမြေ)