မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မအူပင် ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ကျေးရွာပါတီဝင်များ နှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ငါးဖားအိုင် ကျေးရွာရှိ ပါတီဝင်ဒေါ်စန်းအေး နေအိမ်၌လည်းကောင်း၊ မွန်းတည့် ၁၂နာရီက ခြောက်ရွာကျေးရွာရှိ ပါတီဝင်ဦးခင်မောင်ညွန့် နေအိမ် တွင်လည်းကောင်းကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲများသို့ ဧရာ ဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် မအူပင်ခရိုင် တာဝန်ခံ ဦးသန်းထွန်း၊ မအူပင် ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော် ဖေဦး၊ အတွင်းရေးမှူး ဦးရန်နိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မအူ ပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့်မြို့နယ်ပါတီ ကော်မတီဝင်များ၊ငါးဖားအိုင်ကျေး ရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်ပါတီဝင်များ၊ခြောက် ရွာကျေးရွာ အုပ်စုပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့်ပါတီဝင်များတက်ရောက် ပြီးပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ယနေ့ နိုင်ငံရေးအခြေအနေများကို ရှင်း လင်းဆွေးနွေးပြောကြားခဲ့ကြသည်။

ဖြိုးမောင်ဇော်(မအူပင်)