ပခုက္ကူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အေးကျွန်းကျေးရွာ ပါတီဆိုင်းဘုတ်တင်

 

ပခုက္ကူ မတ် ၂၄

မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့နယ် ကျွဲတဲအုပ်စုကျေးရွာ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီစည်းရုံးရေး နယ်မြေ(၃) တာဝန်ခံဦးမင်းသူ၏ နေအိမ်တွင် ယမန်နေ့ နံနက် ၈နာရီက ပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ရေနွေးကြမ်း စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရ သည်။

အခမ်းအနားတွင် ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်း ထွန်း၊ ခရိုင်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်တင်တင်ခိုင်၊ မြို့နယ် ဥက္ကဋ္ဌ ဦးသန်းအေး၊ မြို့နယ်ကော် မတီဝင် ဦးသန်းရွှေ၊ ဦးအုန်းဆင့်၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ကြည်သိန်းဦး၊ ကျွဲတဲ ရပ်/ ကျေးဥက္ကဋ္ဌ ဦးကျော်မိုး၊ ကျွဲတဲ ရပ်မိရပ်ဖ ဦးစိုးဝင်းဦး၊ ဦးသန်း ညွန့်အပါအဝင် အင်အား ၅ဝ ဖြင့် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်အား အောင်သပြေပန်းများ အမွှေးနံ့သာ များပက်ဖျန်းပြီး အောင်မြင်စွာစိုက် ထူပေးခဲ့ကြပြီး ရေနွေးကြမ်းစကား ဝိုင်းဆက်လက်ကျင်းပကာ အခမ်း အနားကို အောင်မြင်စွာရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)