Boeing 737 Max 8 လေယာဉ်များအသုံးပြုမှု ရပ်ဆိုင်းသည့်နိုင်ငံများ ဆက်လက်တိုးပွားလာ
ခရီးသည်ရာနှင့်ချီ၍ သေဆုံးခဲ့သော ပျက်ကျမှုဖြစ်စဉ် နှစ်ကြိမ်ဖြစ်ပွားခဲ့သော Boeing 737 Max 8 လေယာဉ်များ အသုံးပြုမှုကို ရပ်ဆိုင်ခဲ့သည့်နိုင်ငံများ ဆက်လက်တိုးပွာလာကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
အီသီယိုးပီးယားနိုင်ငံတွင် Boeing 737 Max 8 လေယာဉ်ပျက်မှုကြောင့် ခရီးသည် ၁၅၇ ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ လေယာဉ်များအသုံးပြုမှုကို တရုတ်နိုင်ငံက စတင်ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်အတွင်းကမှ ခရီးသည်တင်လေကြောင်းလိုင်းများတွင် စတင်အသုံးပြုခဲ့သည့် အဆိုပါလေယာဉ်များ သည် လအနည်းငယ်အတွင်း နှစ်ကြိမ်အထိ ပျက်ကျခဲ့ခြင်းကြောင့် အားနည်းချက်များစွာ ရှိနေသည်ဟု သတ်မှတ်ကာ အသုံးပြုမှုရပ်ဆိုင်းခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Boeing 737 Max 8 လေယာဉ်များ အသုံးပြုမှု ရပ်ဆိုင်းခဲ့သည့်နိုင်ငံများတွင် စင်ကာပူ၊ အင်ဒိုနီးယားနှင့် သြစတြေးလျနိုင်ငံများလည်း ပါဝင်လာခဲ့သည်။ အမေရိကန်အစိုးရက Boeing ကုမ္ပဏီအား အဆိုပါလေယာဉ်များနှင့်ပတ်သက်၍ ပြန်လည်စစ်ဆေးသုံးသပ်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
-Ref:Reuters