ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌတက်ရောက်

 

မကွေး မတ် ၁၂

မကွေးတိုင်းဒေသကြီး စလင်းမြို့ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဖွဲ့စည်းပုံအခြေခံ(၂ဝဝ၈)ပြင်ဆင်ရေးဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေး တက်ရောက်အမှာစကားပြောကြားခဲ့သည်။ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသော ပြည်ခိုင်ဖြိုး ပါတီဝင်များ မိတ်ဖက်အဖွဲ့အစည်းများ၊ လေ့လာသူများ နိုင်ငံတော် အလံကိုအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းကို ပြိုင်တူသီဆိုခြင်းများ ပြုလုပ်သည်။

ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးဆန်း ညွန့်အောင်နှင့် တိုင်းဒေသကြီးကော်မတီ လူငယ်ကော်မတီဥက္ကဋ္ဌ ဦးကျော်သူဦးတို့က အမှာစကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးပါတီဝင် ဦးစောဝင်းမောင်က (၂ဝဝ၈)အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာအချက်များကို အသေးစိတ် ရှင်းလင်းပြောကြားအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာ သူများက အပြန်အလှန်ပွင့်လင်းမြင်သာစွာဆွေးနွေးကြသည်။

ထို့နောက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက နှုတ်ခွန်းဆက် စကားပြောကြားကာ အခမ်းအနားကို မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သိရသည်။

စစ်ကြည်(စလင်း)