ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတွက် ကျူးဘားပြည်သူများ မဲပေး

ဟာဗားနား ဖေဖော်ဝါရီ ၂၆

တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ကျူးဘားပြည်သူအများစုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲ ရေးအတွက် မဲပေးခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ကာရစ်ဘီယံကျွန်းစုနိုင်ငံ၏ ဆိုရှယ်လစ် ဝါဒ တစ်ပါတီစနစ်နှင့် အုပ်ချုပ်ရေး၏ အခြေခံအကြောင်းရင်းနှင့် သက်ဆိုင်သည့် မူဝါဒများကို ထိန်းသိမ်းရန် ရေးဆွဲ ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ငွေကြေးဆိုင်ရာ ဖြေလျှော့မှုကို ပိုမိုတိုးမြှင့်ပေးသွားရေး သဘောတူရန် တောင်းဆိုထားပြီး နိုင်ငံသားများကို ပုဂ္ဂလိက ပိုင်ဆိုင် ခွင့်ပြုပေးမည်ဖြစ်သည်ဟု ဆိုသည်။ ဖွဲ့စည်းပုံ၌ စီးပွားရေးဆိုင်ရာ တိုးတက်မှု အတွက် သိသာထင်ရှားသည့် အခြေခံအကြောင်းရင်းတစ်ခုဖြစ်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလည်း ပါဝင်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမှုသည် သမ္မတနှင့် ဝန်ကြီးချုပ် နေရာအတွက် အသစ်ဖွဲ့စည်းရန်လည်း တောင်းဆိုထားသည်။ သမ္မတသည် နိုင်ငံတော်အကြီးအကဲဖြစ်ပြီး သက်တမ်း ငါးနှစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ဖီဒယ်ကက်စထရိုနှင့် ၎င်း၏ ညီဖြစ်သူ ရာအူးတို့သည် ကျူးဘား တော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး ဆယ်စု နှစ်များစွာ ကြာအောင် နိုင်ငံကိုအုပ်ချုပ်ခဲ့သည်။ အစ်ကိုဖြစ်သူ ကက်စထရို ၂၀၁၆ ခုနှစ်တွင် သေဆုံးခဲ့ပြီးနောက် ညီဖြစ်သူက ဆက်လက်အုပ်ချုပ်ခဲ့ သော်လည်း ပြီးခဲ့သည့်နှစ် ဧပြီလက ရာထူးမှ ဆင်းပေးခဲ့သည်။

ကျူးဘား၌ လက်ရှိကျင့်သုံးနေသည့် ဖွဲ့စည်းပုံမှာ ၁၉၇၆ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည့် ဥပဒေ ဖြစ်သည်။

(Myanmaalinn)