မင်းပြားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သာသနဟိတဓရစာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
မင်းပြား ဖေဖော်ဝါရီ ၂၄
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက်ပိုင်းတွင် သာသနဟိတဓရ စာဖြေသံဃာတော်များအား နေ့ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးမှ သိရသည်။
ထိုသို့ နေ့ဆွမ်းဆက်ကပ်လှူ ဒါန်းခဲ့ရာတွင် မြို့ရောနေပါဓမ္မာရုံ တော်ကြီး၌ ကျင်းပသော (၁၁) ကြိမ်မြောက် သာသနဟိတဓရ စာ ဖြေသံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဆွမ်းဆက်ကပ်လှူဒါန်းရာသို့ ပြည် နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးဦးဘသိန်း၊ မင်းပြားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးအောင်စောသန်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြ၍ စာဖြေသံဃာ တော် ၉၈ပါးနှင့် လူပုဂ္ဂိုလ်များ စုစုပေါင်း ၁၈ဝတို့အား ဆွမ်းကျွေး လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်လှဖြူ(ရမ်းဗြဲ)