ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး မြန်မာနိုင်ငံဆိုင်ရာဆွီဒင်နိုင်ငံသံရုံးမှသံမှူးကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဖေဖော်ဝါရီ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံ သံရုံးမှ သံမှူးကြီး Mr. Ghin Mang Shoute အား ယမန်နေ့ ညနေ ၄ နာရီတွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့သည်။ယင်းသို့တွေ့ဆုံရာတွင်နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်မှုအခြေအနေများအား ရင်းနှီးချစ်ကြည်စွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့်အတူ နိုင်ငံတကာရေးရာ ကော်မတီဌာနမှူး ဦးမြင့်ကိုကိုနှင့် ပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့တက်ရောက်ပြီး Mr. Ghin Mang Shoute နှင့်အတူ အဖွဲ့ဝင်တစ်ဦးတက်ရောက်ခဲ့ကြသည်။
မိုးဇော်(နေပြည်တော်)