အိုင်အက်စ်အဖွဲ့ကို ဆက်လက်ချေမှုန်းသွားမည်ဟု ထရမ့် ကတိပြု
ဝါရှင်တန် ဖေဖော်ဝါရီ ၇
အမေရိကန် ပြည်ထောင်စုသည် အိုင်အက်စ်အစွန်းရောက် စစ်သွေးကြွများ အား အပြီးအပြတ် ချေမှုန်းသွားရေး အပေါ် ဆက်လက် အာရုံစိုက်သွားမည်ဖြစ်ကြောင်း ဗုဒ်္ဓဟူးနေ့တွင် ကတိပြုသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် သည် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့ အဖွဲ့ဝင်နိုင်ငံများမှ ၀န်ကြီးများနှင့်ဗုဒ်္ဓဟူးနေ့တွင် တွေ့ဆုံကာ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စု သည် မဟာမိတ်များက အိုင်အက်စ် ချေမှုန်းရေးတွင် ဆက်လက်ပူးပေါင်း ပါဝင်သွားကြရန် တိုက်တွန်းခဲ့သည်။ အမေရိကန်သမ်္မတ ဒေါ်နယ်ထရမ့်က အစွန်းရောက် စစ်သွေးကြွများသည် မကြာမီအချိန်အတွင်း ဆီးရီးယားရှိ ၎င်းင်းတို့၏ ပိုင်နက်နယ်မြေ အားလုံးကို လက်လွှတ်ဆုံးရှုံးရတော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထရမ့်သည် ဒီဇင်ဘာလက အိုင်အက်စ်တို့အား အနိုင်ရရှိခဲ့ကြောင်း ကြေညာလိုက်ပြီး တပ်ဖွဲ့ဝင် ၂၀၀၀ ကို ဆီးရီးယားမှ ရုပ်သိမ်းရန် အမိန့်ထုတ်ပြန် လိုက်ခြင်းအားဖြင့် မဟာမိတ်နိုင်ငံများကို အံ့အားသင့်သွားစေခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် စကား ပြောဆိုခဲ့စဉ်အတွင်း ထရမ့်က အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် ၎င်းင်းတို့၏ ကာ့ဒ်မဟာမိတ်များသည် ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေများကို တစ်ချိန်ကထိန်းချုပ်ခဲ့သည့် ဂျီဟတ် စစ်သွေးကြွများလက်မှ နယ်နိမိတ်အားလုံးကို လွတ်မြောက်အောင် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တူရကီနှင့် ကာ့ဒ်တိုက်ခိုက်ရေး အုပ်စုများအကြား ငြိမ်းချမ်းရေးထိန်းသိမ်းရေးနှင့် ဆီးရီးယား၌ ဖမ်းဆီးထောင်ချ ခံထားရသည့် ပြည်ပမှ ရာနှင့်ချီသော ဂျီဟတ်စစ်သွေးကြွများအတွက် ဖြေရှင်းပေးရေးအပါအ၀င် အမေရိကန် တပ်ဖွဲ့ဝင်များ ဆီးရီးယားမှ ရုပ်သိမ်းမှုကြောင့် မရည်ရွယ်ဘဲ ဖြစ်လာနိုင်သည့် အကျိုးဆက်များကို စီမံခန့်ခွဲရန် ကြိုးပမ်းမှုစသည့် အရေးကိစ်္စများ ရှိနေချိန်တွင် ယခုတွေ့ဆုံမှုပေါ်ထွက်လာခြင်း ဖြစ်သည်။
-Ref:AFP