ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီလူငယ်တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၆
ပြည်ထောင်စုနယ်မြေ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁ဝနာရီက ပြည်ခိုင် ဖြိုးပါတီ ဗဟိုလူငယ်ရေးရာ ကော်မတီမှ ဦးတင့်ဇော်နှင့်ပြည် ထောင်စုနယ်မြေ နေပြည်တော် ခရိုင်နှင့်ရှစ်မြို့နယ်မှ လူငယ်တာဝန် ခံများ၊ လူငယ်အဖွဲ့ဝင်များ စုစု ပေါင်းအင်အား ၅ဝ တို့နှင့် တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ ကြောင်း သိရသည်။
အစည်းအဝေးတွင် ဦးတင့်ဇော် ကနှုတ်ခွန်းဆက်စကားပြောကြားရာ လူငယ်များနှင့်ရင်းရင်းနှီးနှီးလာ ရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ အနာဂတ်မိမိတို့နိုင်ငံအတွက် လူ ငယ်များ၏ လုပ်ငန်းတာဝန်များ သည် အရေးကြီးလာပြီဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်ဖြတ်ကျော်လာ ခဲ့သည့် မြန်မာ့နိုင်ငံရေးအခြေအနေ များ ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ ဆက်လုပ်ဆောင်ကြရမည့် လုပ်ငန်း တာဝန်များနှင့်ပါတီအောင်နိုင်ရေး လုပ်ငန်းစဉ်များ ဆွေးနွေးမှာကြား ခဲ့သည်။
ထို့နောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေအတွင်းရေး မှူးဦးဌေးဝင်း၊ ပြည်ထောင်စုနယ် မြေလူငယ်တာဝန်ခံဦးကျော်ဌေး နှင့် ခရိုင်လူငယ်တာဝန်ခံဦးဇော် မျိုးသိန်းတို့က ပြည်ထောင်စုနယ် မြေအတွင်း လူငယ်ဖွဲ့စည်းထားရှိမှု အခြေအနေ၊ လုပ်ငန်းဆောင်ရွက် နေမှုများ၊ ပါတီအောင်နိုင်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာ ကြသော လူငယ်အဖွဲ့ဝင်များက မြို့နယ်အလိုက်၊ ဒေသအလိုက် လူငယ်ဖွဲ့စည်းထားရှိမှုများနှင့် လှုပ် ရှားဆောင်ရွက်မှုများ ဆွေးနွေး တင်ပြခဲ့ကြရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
အောင်အောင်(နေပြည်တော်)