ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကနဲကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင် ရပ်ကျေးပါတီဝင်များနှင့် ရေနွေးကြမ်းစကားဝိုင်းဖွဲ့တွေ့ဆုံ
ကနီ ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် ကနဲကျေးရွာ အုပ်စု ကနဲကျေးရွာ ရပ်/ကျေး ပါတီဥက္ကဋ္ဌနေအိမ်၌ ပြည်ခိုင်ဖြိုး ပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်း အနားနှင့် ပါတီဝင်များအား ရေနွေး ကြမ်းစကားဝိုင်း တွေ့ဆုံဆွေးနွေးပွဲ ကို ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် ယင်းမာပင် ခရိုင်ကော်မတီဝင် ကနီမြို့နယ် တာဝန်ခံ ဦးချစ်မွှေး၊ ကနီမြို့နယ် ပါတီနာယက၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦး၊ နယ်မြေတာဝန်ခံ ပါတီကော်မတီ ဝင်နှင့် ရပ်ကျေးပါတီဥက္ကဋ္ဌတို့က အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်း ပြီး ဆိုင်းဘုတ်တင်ပွဲခမ်းအနားကို ကျင်းပခဲ့သည်။
ဆက်လက်၍ ကနီမြို့နယ် ပါတီနာယက ဦးရှိန်နှင့် ဥက္ကဋ္ဌ ဦးကျန်ထွန်းတို့က ပါတီဝင်များ အားတွေ့ဆုံ၍ ပါတီ၏ လက်ရှိ ဆောင်ရွက်နေမှုများ၊ လက်ရှိဖြစ် ပေါ်နေသော ဥပဒေကိစ္စရပ်များ နှင့် ရှေ့လုပ်ငန်းစဉ်များကို ရေနွေး ကြမ်းစကားဝိုင်းတွင် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မျိုးထွန်း