ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မိုင်းယန်းမြို့နယ် မြို့မိမြို့ဖများ ကျေးရွာလူကြီးများ မြို့နယ် ရပ်ကျေး ပါတီကော်မတီများနှင့်တွေ့ဆုံ
မိုင်းယန်း ဇန်နဝါရီ ၁၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာဝန်ခံဦးစိုးနိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပါတီကော်မတီဝင်များ၊ ကျိုင်းတုံခရိုင်ပါတီကော်မတီဝင်များသည် မိုင်းယန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ၁၃ အုပ်စုမှ ပါတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ကျေးရွာလူကြီးများနှင့် မိုင်းယန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့နံနက် ၉ နာရီခွဲကတွေ့ဆုံ၍ပါတီ၏ မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ ပြည်သူ့လို အပ်ချက်များနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို အပြန်အလှန်ဆွေးနွေးပြီး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ မိုင်း ယန်းမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ် ကွက်/ကျေးရွာအုပ်စုများမှပါတီဝင်များ နှင့်ဒေသခံမြို့မိမြို့ဖများ စုစုပေါင်းအင်အား ၁၁၆ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။