လှည်းကူးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့်ပါတီအဆိုပြုလွှာစုပေါင်းပေးအပ်ပွဲကျင်းပ

 

ရန်ကုန် ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် ရိပ်သာရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရိပ်သာရပ်ကွက် ရန်ကင်း (၄)လမ်းရှိရပ်ကွက်ပါတီနာယကဦးတင်မြင့် နေအိမ်တွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီမှ ပါတီဗဟိုကော်မတီ ဝင် ဦးတင်မောင်ဝင်း၊ တိုင်းပါတီကော် မတီဝင်ဦးခင်မောင်တင့်၊ခရိုင်ပါတီအတွင်း ရေးမှူး ဦးမျိုးဇော်၊ လှည်းကူးမြို့နယ် ပါတီ ဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင် လျှောက်ထားသူ ၁ဝဝ တို့တက်ရောက်ကြ သည်။ အစီအစဉ်အရ နိုင်ငံတော်သီချင်း သီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ပါတီ ဆိုင်းဘုတ်အား တာဝန်ရှိသူများမှ နံ့သာ ရေများပက်ဖျန်း၍ ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပါတီဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး ပါတီဝင်လျှောက်ထား သူများကိုယ်စား ပါတီဝင်နှစ်ဦးက မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြတ်စိုးထံပါတီဝင်လျှောက် လွှာ ၁ဝဝ ကို ပေးအပ်သည်။

ထို့နောက် ပါတီဝင်တစ်ဦးက ပါတီ သို့ဝင်ရောက်ရခြင်းအကြောင်းကိုရှင်းလင်း တင်ပြပြီး ပါတီဗဟိုကော်မတီဝင် ဦးတင် မောင်ဝင်းက နိဂုံးချုပ်အမှာစကားပြော ကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

ထိန်ဝင်း(YGN)