အင်းစိန်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်
ရန်ကုန် ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင် အင်းစိန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူ့အကျိုးပြုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ အင်းစိန်မြို့နယ် အမက(၁၄)ကျောင်းဝင်းတွင် ကျောင်းသန့် ရှင်းသာယာလှပစေရေးနှင့် ခြင်နိုင်ဆေးဖျန်း ခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြို့သစ် (၈)ရပ်ကွက်ရှိ အမက(၁၄)ကျောင်းဝင်း အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းသန့်ရှင်းရေးသို့ ရန်ကုန် မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင် နယ်မြေ တာဝန်ခံ ဦးထွန်းထွန်းဦးနှင့် အင်းစိန်မြို့နယ် ပါတီအတွင်းရေးမှူးဦးစိုးသန်းနှင့် မြို့နယ် ကော်မတီဝင်များ၊ အင်းစိန်မြို့နယ် မြို့သစ် (၈)ရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ကော်မတီဝင်များ၊ပါတီဝင် စုစုပေါင်းအင် အား ၅ဝ တို့သည် ကျောင်းဝင်းအပြင် အတွင်း ရေစီးရေလာကောင်းမွန်စေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ခြင်းနှင့် ခြင်နိုင်ဆေးရည်ဖျန်းခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။
ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးထွန်းထွန်းဦးနှင့် ကော် မတီအဖွဲ့ဝင်များသည် ကျောင်းမှ တာဝန် ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပြီး ကျောင်းသန့်ရှင်းသာယာ လှပရေးနှင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်သိန်း(လှိုင်သာယာ)