ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်အစည်းအဝေးပွဲကျင်းပ
ပဲခူး၊ ဒီဇင်ဘာ ၁ဝ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ ၉ ရက် နံနက် ၁ဝ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ရုံး ခန်းမ၌ လပတ်အစည်းအဝေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းသို့ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်စိုး၊ အဋ္ဌမအကြိမ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်စိုးနှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီ၏ရပ်/ကျေး ဥက္ကဋ္ဌများ တက်ရောက်ကြပြီး ယင်းတို့မှ မိမိတို့၏နယ်မြေဒေသအလိုက် လက်ရှိအခြေအနေများကို တင်ပြဆွေးနွေးကာ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်စိုးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စိုးတင်မြင့်(ရွှေကြို့မြေ)