ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင် မြို့နယ်အတွင်းရှိ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲများသို့ တက်ရောက်
မြန်အောင်၊ ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်မြို့ရှိ အမျိုးသမီးပါတီဝင် (၁၀၀၀) ဦးနှင့် ရှားတောအုပ်စု အမှတ် ၄ ရပ်ကွက်မှ ပါတီဝင်အင်အား (၁၀၀၀) ဦး၏ ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအတွင်းရေးမှူး၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ရှေ့ဦးစွာ အင်ပင်မြို့တွင်ကျင်းပသော အခမ်းအနားအား နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုကာ ဖွင့်လှစ်သည်။ ထို့နောက် အမျိုးသမီးရေးရာတာဝန်ခံ မြို့နယ်ပါတီကော်မတီဝင် ဒေါ်ခိုင်ခိုင်ဦးမှ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် မြန်အောင်မြို့နယ် ပြည်ခိုင်းဖြိုးပါတီဥက္ကဌကိုယ်စား မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်ယဉ်မြတ်သူမှ မြို့နယ်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အမျိုးသမီးပါတီဝင် အဆိုပြုလွှာ (၁၀၀၀) ကို အရန်မြို့နယ် ကော်မတီဝင် ဒေါ်ခင်မိုးကြူက ပေးအပ်ရာ မြို့နယ်ပါတီဥက္ကဌ ဦးနေဝင်းဇော်မှ လက်ခံရယူခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသော ပါတီဝင်အမျိုးသမီးများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ၏ဇနီး ဒေါ်စိုးဝတ်ရည် နှင့် တိုင်း ခရိုင် မြို့နယ်မှ တာဝန်ရှိသူများက ပါတီရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့ကြသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်းမှ ပါတီဝတ်စုံများကို ပေးအပ်ခဲ့သည် ထို့နောက် ဒေသခံ ၃ ဦးမှ ပါတီဝင်ရခြင်းနှင့်ပတ်သတ်၍ရှင်းလင်းတင်ပြ ခဲ့ကြပြီးနောက် အင်ပင်မြို့ ဦးသန်းဇော် မှ နိုင်ငံရေးအခြေအနေများနှင့်ပတ်သတ်၍ သုံးသပ်ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ယင်းအခမ်း အနားတွင် ပါတီဝင်အင်အား (၈၂၇) ဦး တက်ရောက်ခဲ့သည်။
ဆက်လက်၍ ပါတီဥက္ကဌနှင့်အဖွဲ့ဝင်များသည် မြို့မတိုက်နယ် ရှားတောရွာ အမှတ် ၄ ရပ်ကွက်တွင် ပါတီဝင် အဆိုပြုလွှာ (၁၀၀၀) စုပေါင်းပေးအပ်ပွဲအား တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် မြို့မိ မြို့ဖ တစ်ဦးဖြစ်သော ဦးမောင်ထွန်းမှ မြို့နယ်အတွင်းရှိ ယခင် ယခု အခြေအနေများအား ရှင်းလင်းပြောကြားပြီနောက် မြန်အောင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌက ဦးနေဝင်းဇော်မှ မြို့နယ်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ၄င်းနောက် ပါတီဝင် အဆိုပြုလွှာ (၁၀၀၀) ကို ရပ်ကျေးပါတီဥက္ကဌ ဦးဝင်းဌေးမှ ပေးအပ်ရာ မြို့နယ်ပါတီဥက္ကဌ ဦးနေဝင်းဇော် က လက်ခံရယူပြီး နောက်တက်ရောက်လာကြသော ပါတီဝင်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များမှ ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့သည်။ ထို့နောက် ဒေသခံပါတီဝင်အသစ် အမျိုးသား နှင့် အမျိုးသမီးတစ်ဦးစီက ပါတီအတွင်းဝင်ရောက်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီးနောက် ပါတီ ဥက္ကဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
အခမ်းအနားများသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဗဟိုအတွင်းရေးမှူး ဧရာဝတီ တိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်းတို့ နှင့် ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်၊ ဧရာဝတီ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒလှမြင့်၊ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်အရန်ပါတီကော်မတီဝင်များ၊ မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ပါတီဥက္ကဋ္ဌများနှင့် ရပ်/ကျေးပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။