မ​ကွေးတိုင်း​ဒေသကြီး ​ရေစကြိုမြို့နယ်​တွင်​ အမျိုးသမီးညီလာခံအကြို နှီး​နှောဖလှယ်​ပွဲ ကျင်းပပြုလုပ်

 

အောက်​တိုဘာ၊ ၁၈

ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုး​ပါတီရုံး၌ နံနံက်​ ၁၀ နာရီမှ မွန်းလွဲ ၂ နာရီခွဲထိ ကျင်းပပြုလုပ်​ခဲ့ပြီး တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ ပခုက္ကူခရိုင်​ပါတီဥက္ကဌ ဦးသိန်းထွန်းနှင့် မြို့နယ်​ပါတီဥက္ကဌ ဦးသိန်းလွင်​တို့မှ အမှာစကား​ပြောကြားပါသည်​။
အခမ်းအနားသို့ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦး​စောဝင်း​မောင်​၊ ပခုက္ကူခရိုင်​ပါတီဥက္ကဌ ဦးသိန်းထွန်း၊ ခရိုင်​အတွင်း​ရေးမှူး ဦးမြင့်​နိုင်​၊ မြို့နယ်​ပါတီဥက္ကဌ ဦးသိန်းလွင်​နင့် ကော်​မတီဝင်​များ၊ အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်ဝင်းဝင်းသန်းနှင့် ပါတီဝင်​အမျိုးသမီးများ၊ ဖိတ်​ကြားထားသူများ စုစု​ပေါင်း (၂၀၀) ဦးခန့်​ တက်​​ရောက်​​ကြောင်း သိရသည်​။

USDP, Magway Region