တရုတ်လေဆိပ်မှာ မျက်နှာမှတ်တမ်းတင်တဲ့ နည်းပညာသုံးနေပြီ

တရုတ်နိုင်ငံ ရှန်ဟိုင်း ဟုန်ချုံချောင်ကျူ လေဆိပ်မှာ မျက်နှာကို မှတ်တမ်းတင်တဲ့ နည်းပညာသုံးနေပါပြီ။

ခရီးသည်ကိုယ်တိုင် ခရီးဆောင်သေတ္တာ စာရင်းသွင်း၊ လုံခြုံရေး ကင်းရှင်းခွင့်ယူပြီး မျက်နှာမှတ်တမ်းတင်နိုင်ပြီလို့ တရုတ်မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ပေဂျင်းနဲ့ တရုတ်နိုင်ငံ အလယ်ပိုင်း Henan ပြည်နယ် Nanyang လေဆိပ်တွေမှာလည်း ဒီစနစ် ကျင့်သုံးနေပါတယ်။
လုံခြုံရေးစစ်တဲ့အခါ မြန်ဆန်စေဖို့ တရုတ်နိုင်ငံက လေဆိပ်တွေမှာ မျက်နှာကို မှတ်တမ်းတင်တဲ့ နည်းပညာ သုံးနေပေမဲ့ ရှန်ဟိုင်းမှာ ဒီတနင်္လာနေ့ကမှ စတင်ပါတယ်။ 

Ref: RFA