ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ကူညီဆောင်ရွက်

 

မိတ္ထီလာ အောက်တိုဘာ ၁၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မွေအုပ်စု အိုမတွေ့ကျေးရွာ သို့ ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား မိတ္ထီလာမြို့မှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် များထုတ်ပေးရေး ကူညီဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကြည်နှင့် တိုက်နယ်မှူး များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များ၊ အိုမတွေ့ကျေးရွာမှပါတီဝင်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည်။

သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ရာ အိုမတွေ့ကျေးရွာမှအသက်(၁၈နှစ်)ပြည့်ပြီးသူ စုစုပေါင်း ၇၅ဦး အား နိုင်ငံသား စိစစ်ရေးကတ်အသစ်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

စိုးလှိုင်(ထီလာ)