ချင်းပြည်​နယ်​၊မင်းတပ်​ခရိုင်​၊ကန်​ပက်​လက်​မြို့နယ်​တွင်​ ကျင်းပသော လူထု​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦသန်း​ဌေးတက်​​ရောက်​အား​ပေး

 

အောက်​တိုဘာ ၃၊ ကန်​ပက်​လက်

ချင်းပြည်​နယ်​၊မင်းတပ်​ခရိုင်​၊ကန်​ပက်​လက်​မြို့နယ်​၊ကန်​ပက်​လက်​မြို့၊မြို့မ(၂)ရပ်​ကွက်​၊အထက​ဘောလုံးကွင်းတွင်​ ယ​နေ့နံနက်​(၉)နာရီမှ(၁၀)နာရီ၃၀မိနစ်​အထိ ကျင်းပ​သောလူထု​တွေ့ဆုံပွဲအခမ်းအနားသို့အခမ်း အနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း​ဌေး တက်​​ရောက်​အား​ပေး ချီးမြှင့်​ခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအား အ​လေးပြု၍ နိုင်​ငံတော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ခဲ့ကာ ကန်​ပက်​လက်​မြို့ နယ်​၊ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးမနားနိုင်း၏ ကိုယ်​​ရေးအကျဉ်းအား မြို့နယ်​ပါတီအတွင်း​ရေးမှူးဦးကီးပိုင်းမှ ဖတ်​ကြား​ပြီး​နောက်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးက နှုတ်​ခွန်းဆက်​အမှာစကား​ပြောကြားခဲ့သည်​။

ဆက်​လက်​၍ ၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ပြည်​ခိုင်​ဖြိုးပါတီကိုယ်စားပြုဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ကန်​ပက်​လက်​မြို့နယ်​၊ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးမနားနိုင်းနှင့်​ပတ်​သက်​၍ ပါတီဗဟို​ကော်​မတီဝင်​ မြို့နယ်​ပါတီနာယက ​ဒေါက်​တာဘ​မောင်​က မဲဆန္ဒရှင်​ပြည်​သူလူထုထံရှင်းလင်းခဲ့ကာ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးမနားနိုင်းမှလည်း မိတ်​ဆက်​စကားဆက်လက်​ ​ပြောကြားခဲ့ပြီး​နောက်​ အခမ်းအနားအားအောင်​မြင်​စွာရုပ်​သိမ်းခဲ့သည်​။

ယ​နေ့ကျင်းပ​သော အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အတူပါတီအ​ထွေ​ထွေအတွင်း​ရေးမှူးဦး သက်​နိုင်​ဝင်း၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သောဦးဝဏ္ဏ​မောင်​လွင်​၊ဦး​သောင်း​အေး၊ဦး​အောင်​တင်​မြင့်​၊ချင်းပြည်​နယ်​ပါတီဥက္ကဋ္ဌ​​ဒေါက်​တာမူထန်​၊ဗဟို​ကော်​မတီဝင်​ ဒေါက်​တာနန္ဒာလှမြင့်​၊ပြည်​နယ်​ပါတီ​ကော်​မတီဝင်​များ၊ မင်းတပ်​ခရိုင်​ပါတီဥက္ကဋ္ဌဦးအုန်းလွင်​နှင်​ခရိုင်​ပါတီ​ကော်​တီဝင်​များ၊ကန်​ပက်​လက်​မြို့နယ်​ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းကန်​ပက်​လက်​မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးမနားနိုင်းနှင့်​မြို့နယ်​ပါတီ​ ကော်​မတီဝင်​များနှင့်​ပါတီကို ​ထောက်​ခံအား​ပေး​သောမဲဆန္ဒရှင်​ပြည်​သူများ အပါအဝင်​ စုစု​ပေါင်း(၃၀၀) ဦးခန့်​ တက်​​ရောက်​အား​ပေးခဲ့​ကြောင်း သိရသည်​။