ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေး ချင်းပြည်နယ်၊မင်းတပ်ခရိုင်၊ကန်ပက်လက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံအမှာစကားပြောကြား
အောက်တိုဘာ ၃ ၊ ကန်ပက်လက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်း ဌေးသည် အောက်တိုဘာ ၂ ရက်နေ့ ညနေ၄နာရီက ကန်ပက်လက်မြို့နယ်ပါတီရုံးတွင် ချင်းပြည်နယ်၊မင်းတပ်ခရိုင်၊ကန်ပက်လက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူးဦး သက်နိုင်ဝင်း၊ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသောဦးဝဏ္ဏမောင်လွင်၊ဦးသောင်းအေး၊ဦးအောင်တင်မြင့်တို့မှ မိတ်ဆက်အမှာစကားများ အသီးသီး ပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံရာသို့ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူပါတီအထွေထွေအတွင်းရေးမှူးဦး သက်နိုင်ဝင်း၊ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသောဦးဝဏ္ဏမောင်လွင်၊ဦးသောင်းအေး၊ဦးအောင်တင်မြင့်၊ ကော်တီဝင် ဒေါက်တာနန္ဒာလှမြင့်၊တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊မင်းတပ်ခရိုင်ပါတီဥက္ကဋ္ဌနှင်ခရိုင်ပါတီကော်တီဝင်များ၊ကန်ပက်လက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းကန်ပက်လက်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမနားနိုင်းနှင့်မြို့နယ်ပါတီ ကော်မတီဝင်များနှင့်ပါတီဝင်များ အပါအဝင် စုစုပေါင်း(၁၀၀)ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။