လူမှုကွန်ရက်တွင် အစွန်းရောက် ရေးသားချက်များကို တစ်နာရီအတွင်း ဖယ်ရှားရန် ဥပဒေသစ် ဥရောပသမဂ္ဂ ပြဌာန်းမည်

Google, Facebook, Twitter နှင့် အခြား အွန်လိုင်း ပလက်ဖောင်းများသည် ၄င်းတို့ပလက်ဖောင်းမှ အစွန်းရောက် အကြောင်းအရာပါ ရေးသားချက်များအား တစ်နာရီအတွင်း ဖယ်ရှားရန် ဥပဒေသစ်ကို အတည်ပြုနိုင်ရန် ဥရောပပါလီမန်သို့ ဥရောပသမဂ္ဂအမှုဆောင်အရာချုပ်က တင်သွင်းလိုက်သည်ဟု Russia Today က ရေးသားဖော်ပြသည်။
အချိန်တစ်နာရီသည် အကြီးမားဆုံးပျက်စီးဆုံးရှုံးမှုဖြစ်ရန် လုံလောက်သည်ဟု အမှုဆောင်အရာချုပ်က ပြောဆိုသည်။ ယခုဥပဒေသစ် အတည်ဖြစ်ခဲ့လျှင် အချိန်တစ်နာရီအတွင်း အစွန်းရောက် အကြောင်းအရာပါ ရေးသားချက်များကို ဖယ်ရှားခြင်း မရှိသော လူမှုပလက်ဖောင်းသည် ၄င်းတို့၏ တစ်နှစ်တာအမြတ်အစွန်း၏ ၄ ရာခိုင်နှုန်းကို ဒါဏ်ငွေအဖြစ် တပ်ရိုက်မည်ဖြစ်ရာ Google ပလက်ဖောင်း တစ်ခုတည်းကပင် ဒေါ်လာ ၄-ဘီလျံ ဒါဏ်ရိုက်ခံရဖွယ် ရှိနေသည်ဆို၏။

“ တစ်နာရီအတွင်း ” ဟု ယခုပြင်ဆင်ပြောင်းလဲလိုက်ခြင်းသည် မတ်လတွင် ပြဌာန်းခဲ့သော အစွန်းရောက် ပို့စ်များအား ၃ လအတွင်း ဖယ်ရှားရမည်ဟု သတ်မှတ်ချက်ထက် များစွာ ထူးခြားနေသည်။ ပြဌာန်းချက်အသစ်အရ အစွန်းရောက် အုပ်စု၊ အစွန်းရောက်ရန်လှုံ့ဆော်ခြင်း၊ ထောက်ခံ ရှေ့နေလိုက်ခြင်း၊ အားပေးခြင်း သို့မဟုတ် အစွန်းရောက်ပြစ်မှုဖြစ်သည်ဟု အာဏာပိုင်များက ထင်ရှားသတ်မှတ်သော ပို့စ်ဖော်ပြ ရေးသားခြင်းများကို တစ်နာရီအတွင်း ဖယ်ရှားပေးရမည်ဖြစ်သည်။

ယခု ဥပဒေကြမ်းအတည်ဖြစ်ရန်အတွက် ဥရောပနိုင်ငံများနှင့် ဥရောပပါလီမန်တို့၏ ထောက်ခံချက် ရရှိရန် လိုအပ်သည်၊ လူမှုကွန်ယက် ပလက်ဖောင်းများအနေဖြင့်လည်း အချိန်တစ်နာရီအတွင်း ဖယ်ရှားနိုင်မည့် နည်းလမ်းသစ်များ ကြံဆရမည်ဖြစ်ပြီး မိမိတို့၏ အရေးယူလုပ်ဆောင်ချက် တိုးတက်မှုကို နှစ်စဉ် ပွင့်လင်း မြင်သာစွာ သတင်းထုတ်ပြန်ရမည်ဖြစ်သည်။

Source: Akonthi