ကောလင်းပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ
ကောလင်း စက်တင်ဘာ ၎
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များသည် ကျေးရွာပါတီဝင်များနှင့်တွေ့ ဆုံပွဲကို ရေကန်သာအုပ်စုဂွေးချိုကျေးရွာနေ ပါတီအမှုဆောင် ဦးကျော်ဝေ ၏ နေအိမ်၌ ယနေ့မွန်းတည့် ၁၂ နာရီကပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌဦးအောင်သန်းဦး၊ အတွင်းရေးမှူး ဦးအောင်စိုးနိုင်၊ မြို့နယ်ကော်မတီဝင်များနှင့်အတူ ကျေးရွာပါတီဝင် ၂ဝ တက်ရောက်ကြပြီး ပါတီဝင်များ၏စီးပွားရေး၊ လူမှုရေးအခြေအနေများ နှင့်လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို ပွင့်လင်း မြင်သာစွာ ဆွေးနွေးကြကြောင်းသိရသည်။
စိုင်းလူမင်း