တိုင်းဒေသကြီးပါတီအတွင်းရေးမှူး နတ်မောက်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

နတ်မောက် စက်တင်ဘာ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် များဖြစ်သည့် မကွေးတိုင်းဒေသ ကြီးပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် မကွေးတိုင်း ဒေသကြီးကော်မတီဝင်နတ်မောက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဦးအောင်ချိန်၊ မကွေးခရိုင် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းရှိန်တို့ သည် ယနေ့ နံနက် ၁ဝ နာရီကစ၍ နတ်မောက် ပြည်ခိုင်ဖြိုးပါတီရုံး တွင် ရပ်/ကျေးအုပ်စု ၈ဝ မှ ပါတီ ဥက္ကဋ္ဌများ ပါတီကော်မတီဝင်များ နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော် မတီဝင် မကွေးတိုင်းဒေသကြီး အတွင်းရေးမှူး ဦးဆန်းညွန့်အောင် က အဖွင့်အမှာစကား ပြောကြား ခဲ့ရာ ”လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ဘေးဒုက္ခအပေါင်း တို့ကို အများပြည်သူ ခံစားနေရ ပါပြီ။

ဒါတွေအားလုံး ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီဝင်တွေက မိမိတို့နဲ့ ရပ်နီးရပ်ဝေးနေထိုင်ကြတဲ့ ပြည်သူပြည်သားတွေကို ကိုယ်တတ်စွမ်း နိုင်သမျှ ကူညီဆောင်ရွက်လုပ်ကိုင်ပေးကြပါ”ဟု ပြောကြားသည်။

ဆက်လက်ပြီး နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဦးအောင်ချိန်နှင့် ခရိုင်ဥက္ကဋ္ဌဦးထွန်းရှိန်တို့က ယနေ့ နိုင်ငံရေး၊ စီးပွား ရေး အကျပ်အတည်းကိစ္စရပ်များ ဖြစ်စဉ်ဖြစ်ရပ် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ရပ်/ကျေး ပြည်ခိုင်ဖြိုးပါတီ ဝင်များ၏ ဆွေးနွေးတင်ပြခြင်း၊ နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဇော်လတ်မိုး၏ တင်ပြဆွေးနွေးခြင်းတို့ကို မကွေးတိုင်းဒေသ ကြီး အတွင်းရေးမှူးဦးဆန်းညွန့်အောင်က ပြန်လည်ရှင်းလင်းခဲ့ ကြောင်း သိရသည်။

ထွန်းမှီ(နတ်မောက်)