အမျိုးသမီးလိဂ် အမှတ်ပေးပြိုင်ပွဲတွင် မြဝတီအသင်း ဗိုလ်စွဲ

ဒုတိယအကြိမ်မြောက်ကျင်းပခဲ့တဲ့ အမျိုးသမီးလိဂ်အမှတ်ပေးပြိုင်ပွဲတွင် မြဝတီအသင်းမှာ ၂ နှစ်ဆက် ချန်ပီယံဆုဖလား ရရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်အမျိုးသမီး လိဂ်အမှတ်ပေးပြိုင်ပွဲတွင် မြဝတီအသင်းနဲ့ သစ္စာအားမာန်အသင်းတို့ မှာ ရမှတ်တူညီနေခဲ့ပြီး နောက်ဆုံးပွဲစဉ်တွင် အဆိုပါ ၂သင်းတွေ့ဆုံခဲ့ပြီး မြဝတီအသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံဆုကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

အနိုင်ရဗိုလ်စွဲသွားခဲ့တဲ့ မြဝတီအမျိုးသမီးဘောလုံးအသင်းကို ဆုဖလားနဲ့အတူ ဆုငွေကျပ် သိန်း ၁၅၀ ချီးမြှင့်ခဲ့ပြီး ဒုတိယ ဆုရတဲ့ သစ္စာအားမာန်အသင်းကိုတော့ ကျပ် သိန်း ၁၀၀ နဲ့ တတိယဆုရ အား/ကာ အသင်းကိုတော့ ကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ အမျိုးသမီးလိဂ်ပြိုင်ပွဲများတွင် ခြေစွမ်းပြနိုင်တဲ့ မျက်နှာ သစ်ကစားသမားများကို လက်ရွေးစင်အသင်းအတွက် ရွေးချယ်သွားမယ်လို့လည်း သိရပါတယ်။