မြစ်သားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးဆိုင်းဘုတ်တင် ပါတီဝင်များနှင့်တွေ့ဆုံ

 

မြစ်သား သြဂုတ် ၂၇

မြစ်သားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးဆိုင်းဘုတ်တင် အခမ်း အနားများကို ယနေ့ နံနက် ၉နာရီ ၄၅မိနစ်မှစတင်၍ သီလင်ကျေးရွာအုပ်စု၊ ခန္တကြီးကျေးရွာအုပ်စု၊ မုန္တောကြီး ကျေးရွာအုပ်စု၊ ရေဝန်းကျေးရွာ အုပ်စုများအား ဆိုင်းဘုတ်တင်ခြင်းနှင့် တွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည်။

အဆိုပါဆိုင်းဘုတ်တင်ပွဲသို့ မန္တလေးတိုင်းဒေသကြီးပါတီ ကော်မတီဒေါ်သိင်္ဂီအောင်၊ ကျောက်ဆည်ခရိုင် အတွင်းရေးမှူး ဦးစန်းမြင့်၊ ခရိုင်ကော်မတီ ဒေါ်ခင်နွယ်မြင့်နှင့်ဦးချစ်ကို၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးအောင်ကြည်၊ အတွင်းရေးမှူးဦးဝင်းမြင့်၊ နယ်မြေတာဝန်ခံများ၊ မြို့နယ် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့် ပါတီဝင်များ တက်ရောက်ကြောင်း သိရသည်။