ဖြိုးစေတနာအခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွ

 

ရန်ကုန် သြဂုတ် ၂၆

ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့ပီလခတ်ကျေးရွာ ဟိန္ဒူဘုရားကျောင်းဝင်းရှိ ဓမ္မာရုံ ၌ ယနေ့နံနက် ၉ နာရီခွဲတွင် တောင်ပိုင်းခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးဦးအောင်ကျော်မင်း ဦးဆောင်သော ဖြိုးစေတနာ(အခမဲ့) နယ်လှည့်အထွေထွေရောဂါဆေး ကုသရေးအဖွဲ့သည် ကျောက်တန်း မြို့နယ် ပီလခတ်ကျေးရွာအုပ်စု (တမံကြီးပီလခတ်ဟိန္ဒူပီလခတ်) ရှိကျေးရွာနေ မိဘပြည်သူများအား အခမဲ့ဆေးဝါးကုသမှုပြုလုပ်ပေး ခဲ့သည်။

အဆိုပါဆေးကုသမှုဆောင် ရွက်ရာတွင် ရန်ကုန်တိုင်းဒေသ ကြီးပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာရေး မှူးဒေါ်အေးမင်းမိုး၊ တောင်ပိုင်း ခရိုင်ပြည်ခိုင်ဖြိုးပါတီကော်မတီ ဝင်များ၊ကျောက်တန်းမြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်မောင် တာနှင့်ကော်မတီဝင်များ၊ပီလခတ် ကျေးရွာပါတီဥက္ကဋ္ဌဦးစိုးညွန့်နှင့် ကော်မတီဝင်များက ဆေးကုသ မှုလာရောက်ခံယူနေသောမိဘ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ် ဆက်ကာ လိုအပ်ချက်များကို ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆေး ကုသရန် လာရောက်ကြသူများ အားအခမဲ့ကုသပေးလျက်ရှိကြောင်း သိရသည်။

ကိုကျောက်တန်း