ဥက္ကလာပညီနောင်များအသင်း၏ ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးကိုယ်စားလှယ်မိသားစုပါဝင်လှူဒါန်း

 

မိတ္ထီလာ သြဂုတ် ၂ဝ

မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ် စည်သူရပ်ကွက်တွင် ယမန်နေ့ နံနက် ၉ နာရီမှ ၁ဝ နာရီခွဲအထိ ဥက္ကလာပညီနောင်များ ဝေယျာဝစ္စ အသင်းမှဦးဆောင်၍ ဝါတွင်း ဥပုသ်နေ့တိုင်း ဝါဆိုသင်္ကန်းကပ် နှင့် သီလပေးတရားပွဲကို ကျင်းပ ခဲ့သည်။

အဆိုပါ ဝါဆိုသင်္ကန်းကပ်နှင့် သီလပေးတရားပွဲသို့ မိတ္ထီလာမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်) ဦးစိုးသန်း- ဒေါ်ခင်စန်းရွှေမိသားစုမှ ဝါဆို သင်္ကန်းကပ်ခြင်း၊ နဝကမ္မအလှူ ငွေ၊ အာဟာရဒါနများဖြင့် ကုသိုလ် ပြုပြီး ဥပုသ်သီလဆောက်တည် တရားနာလာရောက်သူ ၈၂ ဦးမှ စုပေါင်း၍ နဝကမ္မအလှူတော်ငွေ ကျပ် ၁၁၁၆ဝဝကို မိတ္ထီလာမြို့ ဝေယံဘုံသာကျောင်း ဗုဒ္ဓဓမ္မပရဟိ တဖောင်ဒေးရှင်းဥက္ကဋ္ဌ ဥူးဥတ္တရ ဆရာတော်အား ကပ်လှူပူဇော် သည်။ ထို့နောက် ဆရာတော်က တရားနာလာရောက်သူများအား ရှစ်ပါးသီလချီးမြှင့်ကာ ပြိုင်တူ တွန်းလျှင် ရွေ့နိုင်ပါသည်ဟူသော တရားတော်ကို ဟောကြားပေးပြီး ရေစက်သွန်းချ အမျှအတန်းပေးဝေ ကာ ဝါဆိုသင်္ကန်းကပ်နှင့် သီလ ပေးတရားပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

စိုးလှိုင်(ထီလာ)